🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-28
======"ဂျောက်..."
စတား..အရက်ခွက်ကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်သည်။
"အဟက် တကယ် ညီမလေးပဲ ဟားဟား ငါပဲ မသိခဲ့တာပေါ့"
"ညီမလေးရယ် ကိုယ့်ဘဝမှာ မင်းတစ်ယောက်ပဲချစ်ခဲ့တာ..ကိုယ်ရဲ့ပျော့ညံ့မှုကြောင့် မင်းကို ဆုံးရူံးခဲ့ရတာ.."
ရှတတစီးဆင်းသွားတဲ့ ယမကာတွေက ဗိုက်ထဲတွင် မီးလိုပူနေသည်။သို့ပေမယ့် စတား ရပ်ဖို့မစဉ်းစား၊ကြိုး သေသွားတယ်ကြားရတဲ့နေ့က သူ အရူးလိုမျိုး အရက်သောက်ခဲ့သည်။အရက်အဆိပ်တောက်ပြီး သူ ဆေးရုံတင်ခဲ့ရသည်။နောက်တစ်ခါ အရက်မသောက်ဖို့ ဆရာဝန်က ညွန်ကြားပေမယ့် သူ နာခံဖို့ အစီအစဉ် မရှိ။
ထိုစဉ်.. ၊
"တစ်ယောက်တည်းလား.."
မေးသံနဲ့အတူ ဆံပင်ရွှေအိုရောင်နဲ့ကောင်မလေးတစ်ယောက် ။ စတား လှည့်ကြည့်တော့ ဆွဲဆောင်မှု ရှိစွာပြုံးနေသည်။ထိုအပြုံးတွေက သူအသက်သမျှမြတ်နိုးရသော မိန်းကလေးဆံဖျားလောက်တောင် သူ ရင်မခုန်။
"သွားစမ်းပါ ဝေးဝေးသွားစမ်း.."
"ဝိုး ရှင်ကစွာတာပဲ.."
စတား ပုခုံးကိုလာထိသည့် လက်ကို ရွံရှာစွာ ကြည့်သည်။
"ဖယ်လိုက် အဲလက်ကို မဖျက်ပစ်ခင် ဖယ်လိုက်စမ်း.."
စတားရဲ့အော်သံကြောင့် ထိုကောင်မလေး လန့်ဖျက်ပြီး ပြေးထွက်သွားသည်။
ခဏအကြာတွင်.. လက်တစ်ဖက်က စတားပုခုံးဆီ ရောက်လာပြန်သည်။
"တောက် "
စတားရဲ့တောက်ခေါက်သံကြောင့် ရိုစီ တုန်ခနဲ့ဖြစ်သွားသည်။
"ရိုစီပါ စတား..ဘာလို့မဆက်သွယ်တာလဲဟင်."
စတားက ရိုစီကို တချက်ဝေ့ကြည့်ပြီး.. ၊
"မင်းလည်း ပိုက်ဆံကြောင့် ငါ့ကို ကပ်တာမလား"
"မဟုတ်ပါဘူး "
ရိုစီရဲ့ရိုးသားချင်ဟန်ဆောင်ထားတဲ့မျက်နှာကို စတားကြည့်ပြီး၊