Part -20

791 27 1
                                    

🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-20
======

ဧည့်သည် နားနေခန်း ၊

ရိပ်ရဲ့ လက်ဖျားလေးကို ကိုင်ပြီး..တိုက်က တယုတယ ဆေးထည့်ပေးသည်။ ထို့နောက် ဖွဖွလေး မှုတ်ကာ..ပတ်တီးစည်းပေးသည်။

"နာသေးလား "

"ဟင့်အင်း.."

"ကိုယ်ဖြင့် စိုးရိမ်သွားတာပဲ ဘယ်လိုဖြစ်ရတာလဲ.."

"ဟင့်အင်း.."

ရိပ် မျက်နှာက ပြုံးနေသည်။

"ဘာပဲဖြစ်ဖြစ် မင်းဒဏ်ရာမရစေနဲ့.."

"ဟုတ်ကဲ့ "

ထိုစဉ်..တံခါးခေါက်သံနဲ့အတူ..၊

"စီးအီးအို..ဥက္ကဋ္ဌကြီး ခေါ်နေပါတယ်.."
"အင်း လာခဲ့မယ် "

"သွားလေ ဦးတိုက်..ရိပ် နောက်မှ လိုက်လာခဲ့မယ်.."
"ဒါပေမဲ့.."

"ရပါတယ် ဦးတိုက်ရေ..ဦးတိုက်က..အဓိကလူ ဖြစ်ပြီး..ရိပ်အနားပဲ ကပ်နေလို့ဖြစ်မလား ရိပ်ကို မစိုးရိမ်နဲ့ လီလီကို လှမ်းခေါ်လိုက်မယ်.."

"အင်းပါ တစ်ခုခုဆို..ဖုန်းဆက်ဖို့ မမေ့နဲ့နော် "

တိုက်က စိတ်မချပေမယ့်..အရေးကြီးဧည့်သည်တွေလည်းရှိသေးတာမို့..ထွက်ခွာသွားသည်။

ရိပ်..နှုတ်ခမ်းတို့ လှလှပပ ပြုံးသွားသည်။သူမကို စိုးရိမ်မည့်သူလည်း..ရှိသလို သူမလည်း အောင်အောင်မြင်မြင်နဲ့ ရဲရင့်လာခဲ့ပြီ။

ရိပ်..ပိုက်ဆံအိတ်လေး ကောက်ကိုင်ပြီး..ထရပ်လိုက်သည်။လက်ဖျားလေး..နည်းနည်းထိသွားတာပေမယ့် တိုက်က..သဲသဲလှုပ်နေသည်။နားနေခန်းက..ဒုတိယထပ်မှာမို့.. ရိပ်..ဖုန်းပြောရင်း လှေကားဆီလျောက်လာခဲ့သည်။

"အင်း လီလီ..ငါ ခုဆင်းလာမယ်. အင်း.."

ရိပ်ဖုန်းချလိုက်သည်နဲ့..လက်ကိုင်တန်းကို မှီပြီးရပ်နေတဲ့ ထိပ်ထားကို တွေ့လိုက်ရသည်။

"ပျော်နေလား "

ထိပ်ထား မေးတာကို..ရိပ်က မကြားသလိုပင် ဆက်လျောက်သည်။

"နင်လုပ်တာ ဘယ်သူမှမမြင်ပေမယ့်..ငါမြင်တယ် နင်ပြုံးနေတာရော..ဝိုင်နဲ့ပက်လိုက်တာရော.."

ပန်းတစ်ပွင့်ရဲ့ရာဇဝင် Where stories live. Discover now