🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-27
======"ကယ်ကြပါဦး "
အော်သံနဲ့အတူ ထိပ်ထားမျက်လုံး ဖျက်ခနဲ့ပွင့်သွားသည်။မျက်လုံးပွင့်သွားတာနဲ့ အလင်းရောင်က စူးခနဲ့ဖြစ်သွားရကာ..သွေးမျက်ရည်ကျနေတဲ့ ကြိုးပုံရိပ်လေးက ထင်ဟပ်လာသည်။
"ကြိုးလေး မမကို ခွင့်လွှတ်ပါ..တောင်းပန်ပါတယ် အားးးး.. "
"အနားက ထွက်သွား လက်အေးအေးကြီးတွေနဲ့လာမကိုင်ပါနဲ့..ဟင့်ဟင့် ထွက်သွား ငါကြောက်လို့ပါ..ဟီးး.. "
ထိပ်ထားက မျက်လုံးမဖွင့်ပဲ အော်သည်။
"သမီး ထိပ်ထား..သတိထားလေ "
"နင်ငါကို သတ်ဖို့ ပြန်လာတာလား..အားး..ငါမှားသွားပါတယ် မရည်ရွယ်ပဲ နင့်ကိုသတ်လိုက်မိတာပါ.."
ထိပ်ထားပြောလိုက်တဲ့စကားကြောင့် ဒေါ်ထိပ်တင်လက်တို့ ရပ်တန့်သွားရသည်။အခန်းထဲမှာ ညစာစားပွဲက မိသားစုတွေအကုန်ရှိနေသဖြင့်အကြည့်တို့က မဟေဋ္ဌိဖြစ်သွားသည်။
"ထိပ်ထား မင်းဘာပြောလိုက်တာလဲ.."
စတားရဲ့စိတ်လောမေးသံနဲ့အတူ ထိပ်ထားကို ကိုင်လှုပ်လိုက်သည်။
"ဟင်း.. "
ညည်းသံတချက်နဲ့ အတူ ထိပ်ထားမျက်လုံးပွင့်သွားသည်။သို့သော် ထိပ်ထားမျက်လုံးတို့က ပြူးကြောင်နေခဲ့ပြီး ကဏှာမငြိမ်၊
"ဟင် "
ထိပ်ထားမျက်လုံးတို့ အခန်းထဲ ဝေ့ပတ်ရောက်သွားသည်။
"ကြိုး ကြိုးလေး ဘယ်ရောက်သွားတာလဲ.."
"ညီမလေးကို မင်းသတ်လိုက်တာလား ထိပ်ထားဟမ်.."
"ဘာ ဘာပြောတာလဲ.."
"မင်းအော်ပြောနေတာ အကုန်ကြားတယ် ပြန်ပြောစမ်း.."
"ဟင့်အင်း မာမီ လုပ်ပါဦး ဒီဦးလေးကြီး ဘာပြောနေတာလဲ "
"သမီး ထိပ်ထား မာမီကို ကြည့်ပါဦး.. "
"ဟင့်အင်း ကြိုးလေးက လာခေါ်နေတယ် မာမီ ပြန်ရအောင် အိမ်ပြန်ရအောင် "
ထိပ်ထားက ဒေါ်ထိပ်တင်ကို ဖက်တွယ်ပြီး..ခေါင်းကိုလည်း တွင်တွင်ငုံ့ထားခဲ့သည်။