🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-26
======၃ရက်ခန့်ကြာပြီးနောက်..၊
"ရိပ်."
ရိပ်က မှန်တင်ခုံရှေ့ခေါင်းဖြီးနေရင်းမှ တိုက်ဝင်လာတာ မြင်သည်နဲ့ ကုတင်ပေါ်တက်ပြီး ခေါင်းမြီးခြုံလိုက်သည်။
"ရိပ် မင်းအထင်လွဲနေတာ ကိုယ်ရှင်းပြရစေ.."
"ရိပ်.."
တိုက်ခေါ်ပြီး ရိပ်ကို စောင်ခြုံထားတဲ့အတိုင်း စောင်ထုတ်လေးလိုပွေ့ပိုက်လိုက်သည်။
"အိုးးဘာလုပ်တာလဲ လွှတ်.."
"မလွှတ်ဘူး ချစ်တယ် ပြောမှလွှတ်မယ်.."
"ရူးနေလား ဘယ်သူ့ကိုချစ်မှန်းတောင်မသိဘဲနဲ့ ရိပ်က ရှင့်ကို မချစ်ပါဘူး.."
"ကောင်မလေး စကားကိုကြည့်ကျက်ပြော.."
ရိပ်က တိုက်ပွေ့ထားတာကနေ ရုန်းထွက်လိုက်ပြီး တိုက်ကို စိုက်ကြည့်သည်။
"ကြည့်ပြီးပြောတာပဲလေ.."
"ညဖက်ဆို ဘာလို့အကပ်မခံရတာလဲကွာ တစ်ယောက်တည်းအိပ်ရတာ ဘယ်လောက်ထိအထီးကျန်ရလဲဆိုတာ မင်းမသိဘူး.."
"အောင်မာ ရှင်ပြောပုံက ရိပ်က နေ့ခင်းဖက်တော့အကပ်ခံတယ်ပေါ့.."
"မဟုတ်ဘူးလေ ကိုယ်ပြောတာက နေ့ဖက်ကျတော့ အလုပ်ကိုယ်စီနဲ့ထွက်သွားရတယ်မလား၊တွေ့ချိန်ဆိုလို့ညဖက်ပဲရှိတာလေ.ညဖက်ဆိုလည်း မင်းက "
"မင်းက မင်းကနဲ့ဘာဖြစ်ချင်လဲပြော.."
တိုက်ပြုံးစိစိဖြစ်သွားပြီး.ရိပ်လက်ဖက်ကို ဆွဲယူလိုက်သည်။
"မင်းနဲ့အတူအိပ်ချင်တယ်.."
"ဘာ .မအိပ်ပါဘူး..သွားသွား ကုတင်ပေါ် တတ်လာရင် ကန်ချမှာနော်.."
"ရိပ်ကလည်းကွာ.."
ရိပ်ကရုန်း၊တိုက်က ဆွဲဖက်နဲ့ နှစ်ယောက်သား လုံးထွေးသွားကြသည်။
"အာ့ "
ရိပ် အောက်ဖက်ကိုရောက်သွားတော့ တိုက်က ရိပ်မျက်နှာလေးကို ငုံ့မိုးကြည့်သည်။
"မင်းကို ချစ်တယ် ဒါဟာ မှန်သောစကားနဲ့မပြောင်းလဲတဲ့အချစ်ပဲ..ကိုယ့်ကိုအထင်မလွဲပါနဲ့..ကိုယ်ပြောတာတွေက မင်းကိုချစ်လို့ အဆုံးရူံးမခံနိုင်လို့ "