🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-13
======"ကြိုး ဟေ့ ဘယ်သွားတာလဲ "
ထိပ်ထားက အပေါ်ထက်ကနေ လှမ်းအော်မလို့ပေမယ့်..ခြံဝထိရောက်သွားပြီဖြစ်တဲ့ ကြိုးကြောင့် စကားတစ်ဝတ်တပျက်နဲ့ ရပ်တန့်သွားသည်။
ထိပ်ထားရပ်နေပြီး ခဏအကြာတွင်...၊"ဝူးး... "
စတားရဲ့ကားက ခြံထဲက မောင်းထွက်သွားသည်။
ထိုစဉ် အနားကို ဒေါ်ထိပ်တင် ရောက်လာသည်။"မာမီ ကြိုးက ရောက်ပြီးမှ ဘာလို့ပြန်သွားတာလဲ"
"ဖိနပ်ကျန်ခဲ့လို့တဲ့ အိမ်ပြန်ယူတာ.."
"အင်း "
ထိပ်ထား ခေါင်းညိတ်လိုက်ရပေမယ့် စိတ်ကလေးနေမိသည်။
"လာတော့လေ အလှစပြင်ဖို့ခေါ်နေပြီ.."
"ဟုတ်ကဲ့ မာမီ.."
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"တီတီ.. "
ကားဟွန်းသံကြောင့် ကြိုး လှည့်ကြည့်သည်။စတားက ကားပေါ်ကနေပြီး..၊
"ညီမလေး ကားပေါ်တက် ကိုယ်လိုက်ပို့ပေးမယ် "
"မလိုပါဘူး ရတယ် "
ခုနက အဖက်ခံလိုက်ရသဖြင့်ကြိုးမျက်နှာက တည်နေသည်။အခြားလူလည်းမဟုတ်ပဲ ကိုယ့်အစ်မနဲ့စေ့စပ်မယ့်သူ ကိုယ့်ခဲအိုမဟုတ်လား။
စတားက ကားပေါ်က ဆင်းပြီး ကြိုးလက်ကို ဖမ်းကိုင်သည်။
"ညီမလေး "
"ဖယ်စမ်းပါ ရှင် အိမ်ကိုပြန်သင့်တယ်.."
"မင်းနဲ့အတူပြန်မယ် လာ.."
"ဟင့်အင်း.. "
ကြိုး ခေါင်းခါလိုက်သည်။ သို့သော်..ကြိုးလက်မောင်းကို တစ်ခုခုနဲ့တို့မိသွားသလို ခံစားရပြီးနောက်တွင်..ကြိုး..ခေါင်းက မူးနောက်လာရသည်။
စတား ပြိုလဲကျဖို့ဖြစ်လာတဲ့ကြိုးကိုယ်လေးကိုနောက်ကနေ သိမ်းပွေ့လိုက်သည်။
"ကိုယ့်ကို ခွင့်လွှတ်ပါ ညီမလေး မင်းမဟုတ်ရင် ဘယ်သူနဲ့မှမဖြစ်လို့ပါ..."
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ထိပ်ထားလေးက လှလိုက်တာ.."