🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-16
======"ကျွန်တော် ရောက်ပါပြီ.."
တိုက်စကားအဆုံးတွင် ဦးမြင့်မိုလ်က ထမင်းစားနေရင်းမှ လှည့်ကြည့်သည်။တိုက်က..ပကတိ တည်ငြိမ်နေသည်။
"ထိုင်ပြီး..ညစာစား.."
"စားပြီးခဲ့ပါပြီ.."
"ခွမ်းးး... "
ဦးမြင့်မိုလ် စားနေတဲ့ပန်းကန်ကို ဘေးတိုက်တွန်းချလိုက်သည်။တိုက်က..ကြည့်နေတဲ့ မျက်လွှာတောင်မချခဲ့ပါ။
"မင်းအပြစ်ကို မင်းသိတယ်မလား.."
"ကျွန်တော် အပြစ်မလုပ်ထားပါဘူး.."
"ဘာ..မင်းမသိဘူးလား တိုက် ရဲရင့်ရာဇာမဟုတ်ဘဲ မင်း အခြားသူနဲ့တွဲခွင့်မရှိဘူး.."
"အခြားသူမဟုတ်ပါဘူး..ကျွန်တော့်ချစ်သူပါ.."
"လမ်းခွဲလိုက်..ငါ ဒါပဲ ပြောမယ်.."
"ကျွန်တော် ဆယ်ကျော်သက်မဟုတ်တော့ဘူး..ကျွန်တော်ကိုယ့်ဘာသာကြည့်လုပ်နိုင်ပါတယ်.."
"တိုက် မင်းခေါင်းမမာစမ်းပါနဲ့ ဝေဟင်ရာဇာနဲ့ငါတို့ကုမ္ပဏီက ဘယ်လိုမိတ်ဖက်လည်းဆိုတာ မင်း အခြားသူထက် သိတယ် sky groupရဲ့ ရှယ်ယာ၂၅ရာခိုင်နှုန်းပိုင်တယ်.."
တိုက်က ဘာမှမပြောဘဲ ပါးစပ်ပိတ်နေသည်။
"အချစ်က ထမင်းမကျွေးဘူး..ဒါကို ကုမ္ပဏီကိုအုပ်ချုပ်နေတဲ့မင်း နားလည်သင့်တယ်.."
"အဲဒါကြောင့် မေမေကို ဒယ်ဒီထားခဲ့တာလား.."
"ဘာ.."
ဦးမြင့်မိုလ် အံသြစွာ တိုက်ကိုမော့ကြည့်သည်။
"ကျွန်တော်က ဒယ်ဒီနဲ့မတူဘူး..ကျွန်တော်ချစ်တဲ့မိန်းကလေးကိုဘာအကြောင်းရှိရှိ အဆုံးထိ လက်မလွှတ်ဘူး.."
"ကုမ္ပဏီကို လက်လွှတ်ရမယ်ဆိုရင်တောင်လား.."
"ဟုတ်ကဲ့ "
"အဲမိန်းကလေးက..နာမည်ဘယ်သူလဲ.."
"ပန်းကကြိုး "
ဦးမြင့်မိုလ်.. ရေခွက်ကို မော့သောက်လိုက်သည်။
"အဲမိန်းကလေးက..မင်းဘဝအတွက်ဘယ်လောက်တောင် အရေးပါလဲ.."