🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-10
======"ဝတီ သစ်သီးဆိုင်.."
ကြိုး ဆိုင်ရှေ့ရောက်နေပြီး..ဆိုင်ဖွင့်မထားတာကြောင့် အံသြသွားရသည်။
"အဖွား..ဒုန်းဒုန်း "
ကြိုး..မှန်တံခါးကို တဒုန်းဒုန်း ထုပြီး ခေါ်သည်။
"အပြင်များ သွားတာလား.."
ကြိုး တိုးတိုးလေး ရေရွတ်ပြီး..ကျောခိုင်းလိုက်သည်။ထိုအခါ ဆိုင်ခန်းထဲရှိ အရာတစ်ခုကို ခပ်ရေးရေးမြင်လိုက်ရသည်။
"အဖွား.. "
ဟုတ်ပါသည်.. ဒေါ်မိုးက ကြမ်းပြင်တွင် ခွေခွေလေး လဲနေသည်။
"အဖွားး.. "
ကြိုး..ဘေးဘီဝဲယာ ဝေ့ကြည့်လိုက်သည်။ပန်းအိုးကို မြင်တော့ ကြိုး တစ်ခုခုကို သတိရသွားကာ လက်ဖြင့်စမ်းလိုက်သည်။
"ဟော့..".
တကယ်ကြီး ပန်းအိုးထဲတွင် သော့ရှိနေသည်။ကြိုး မှန်တံခါးဖွင့်ပြီး အိမ်ထဲ ပြေးဝင်သည်။
"အဖွား. "
ကြိုး ဒေါ်မိုးကို ပြေးပွေ့လိုက်ပြီး ခေါ်သည်။
"မဖြစ်ဘူး ဆေးရုံ သွားရမယ် "
ကြိုး ဒေါ်မိုးကို ကျောပိုးလိုက်ပြီး..ဆိုင်ထဲက ပြေးထွက်လာခဲ့သည်။
"တက္ကစီ "
🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"အစာအဆိပ်သင့်ပြီး ရှော့ဖြစ်သွားတာပါ နည်းနည်း နောက်ကျပြီး လာခဲ့ရင် အသက်အန္တရာယ်ရှိနိုင်တယ်.."
"ခု..ခုရောဟင်.."
ကြိုး မျက်နှာက စိုးရိမ်ခြင်းတွေ ဖုံးဖိမရ..၊
"စိုးရိမ်စရာ မရှိတော့ပါဘူး..လူနာကို သွားကြည့်လို့ရပါပြီ.."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ..ကျေးဇူးတင်ပါတယ် "
ကြိုး..ခေါင်းကျိုးကျမတတ် ကျေးဇူးတင်စကားပြောပြီး..ဒေါ်မိုးဆီ လျောက်လာခဲ့သည်။
ကြိုး ဒေါ်မိုးဘေးတွင် ထိုင်ပြီး လက်လေးကို ဆုပ်ကိုင်လိုက်သည်။"အဖွား "
ကြိုး တိုးတိုးလေးခေါ်ပြီး လက်လေးကို ပွတ်သပ်နေမိသည်။
ထိုစဉ် ကြိုး ကိုင်ထားတဲ့ ဒေါ်မိုးလက်လေး လှုပ်လာပြီး မျက်လုံးပွင့်လာသည်။