🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-5
====="ဖြောင်း..ဖျောက် ဖျောက်.. "
ကြိုး..ဘယ်နေရာရောက်နေမှန်းလည်း မသိသလို..ပလက်ဖောင်းပေါ်တွင်..ဒူးလေးပစ်ထိုင်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
မိုးက ရွာနေဆဲဖြစ်သလို..ကြိုးလည်း ချမ်းပြီး တဆက်ဆက် တုန်နေလေပြီ..၊
အိမ်နဲ့ဘယ်လောက်ဝေးနေပြီလဲ သေချာမသိပေမယ့် ကြိုး မပြေးနိုင်အောင်ခြေထောက်တွေ နာလာမှ..ငုတ်တုတ်လေး ထိုင်လိုက်ခြင်းဖြစ်သည်။
သူမ အိမ်မပြန်ရင် ဘယ်ကိုသွားရမလဲ..ဟင့်အင်း ကြိုးမှာ သွားစရာမရှိ..၊အိမ်ကိုပြန်ရင်လည်း..မာမီနဲ့ မမလက်ထဲမှာ အိုးး...၊
ကြိုး ဝင်လာတဲ့အတွေးတွေကို ခေါင်းခါယမ်းလိုက်သည်။
ကြိုး ခြေထောက်တွေ ရည်ရွယ်ချက်မရှိ ဦးတည်လိုက်သည်။ ကြိုး တကိုယ်လုံးချမ်းတုန်ကာ..နှုတ်ခမ်းကဖြူဖျော့ပြီး..တဆက်ဆက်တုန်နေသည်။
ခြေထောက်က ကျောက်ဆွဲထားသလို ခြေတစ်လှမ်းကို..မနည်းအားတင်းပြီးလျောက်ရသည်။
"ဘုန်း.."
ကြိုး..ခြေမခိုင်တော့ပဲ ဘုန်းခနဲ့ ပြိုလဲကျသွားသည်။မျက်ခွံတွေက လေးလံလာပြီး..ဖွင့်မရတော့၊ကြိုး နောက်ဆုံး မြင်လိုက်ရသည်က မီးရောင် ခပ်ပျပျ..၊
ကြိုး နှုတ်ခမ်းလှုပ်ရုံမျှ ရေရွတ်လိုက်သည်။
"ကူညီပါ.."
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"ပန်းတော်ဝင်..စံအိမ်"
"တီတီ... "
ကားဟွန်းသံနဲ့အတူ..ညဖက်ကြီး ရောက်လာတဲ့ ကားသံကြောင့်..ဒေါ်ထိပ်တင်နဲ့ထိပ်ထား..ပြေးထွက်လာကြသည်။
အိမ်ထဲ ဝင်လာသူကိုမြင်သည်နဲ့..ထိပ်ထား အံသြတုန်လှုပ်သွားရသည်။"ဒယ်ဒီ "
"ကိုထွဋ်.. "
ဟုတ်ပါသည်..ဦးထွဋ်ခေါင်ပါ..၊
"ဒယ်ဒီ ဒီအချိန်ကြီး..ဘယ်လိုလုပ်ပြန်လာတာလဲ.."
"ဦးလတ်..အိတ်ကို အခန်းထဲ သွင်းလိုက်ပါ.."