🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-25
======နောက်တစ်ပတ်ခန့်အကြာတွင် ထိပ်ထား ဆေးရုံက ဆင်းလာခဲ့သည်။ခြေထောက် မကောင်းသေးသဖြင့် ထိပ်ထားက ဝှီးချဲနဲ့နေရပြီး အောက်ထပ်မှာ ပြောင်းနေခဲ့သည်။
ထိပ်ထားက စိတ်တိုရင် အော်တတ်ပြီး နေမကောင်းကတည်းက စိတ်မကြည်လင်။
"မမလေး ထမင်းစားလို့ရပါပြီ.."
ဗန်းနဲ့သယ်လာတဲ့ ထမင်းနဲ့ဟင်းတွေကိုကြည့်ပြီး ထိပ်ထား ဒေါသထွက်သွားသည်။
"ငါက သပ်သပ်စားရအောင် ဘာဖြစ်နေလို့လဲ ခြေထောက် တစ်ခါကျိုးမိတာနဲ့ တစ်သက်လုံး လူမမာဖြစ်နေရမှာလား.."
"မဟုတ်ပါဘူး မမလေး သူဌေးကတော်က ထမင်းစားခန်းထဲထိ လာနေရရင်ပင်ပန်းမှာ စိုးလို့.."
"တိတ်စမ်း ဒါတွေ သိမ်းပြီး ငါ့ကို ထမင်းစားခန်းဆီ တွန်းပို့ပေးစမ်း"
"ဟုတ်ကဲ့ "
မူမူ.ထမင်းဗန်းကို ချပြီး ထိပ်ထားထိုင်နေတဲ့ ဝှီးချဲကို တွန်းလိုက်သည်။
ထမင်းစားခန်း..၊
ထမင်းစားခန်းထဲတွင် ဦးမြင့်မိုလ် ၊ဒေါ်ယမင်းသူနဲ့တာရာတို့ ရှိနေသည်။
ထိပ်ထား ထမင်းစားခန်းထဲ ရောက်လာတော့ အကုန်သူ တအံတသြ လှည့်ကြည့်ကြသည်။ထိပ်ထား မျက်နှာလေးမော့ချီလိုက်ပြီး..၊
"ဘာဖြစ်လို့ ကြည့်နေကြတာလဲ "
"မဟုတ်ပါဘူး ထမင်းစားနေတုန်းဝင်လာတာ ဆိုတော့ ဘာကိစ္စများဖြစ်ပါလိမ့်လို့ပါ.."
ဒေါ်ယမင်းသူက ဝင်ဖြေသည်။
"ဟင့်အင်း မဖြစ်ပါဘူး ထမင်းဝိုင်းမှာ အတူထမင်းလာစားတာပါ..လူမမာမှမဟုတ်တော့တာလေ"
"ဒါပေမဲ့ လမ်းမလျောက်နိုင်သေးဘူးလေ.."
"အမေက ထိပ်ထားကို ဒီမှာ ထမင်းမစားချင်တာလား.."
"မဟုတ်တာ "
ထိုစဉ် ထမင်းစားခန်းထဲကို တိုက်နဲ့ရိပ် ဝင်လာကြသည်။တိုက်က တံခါးဝရောက်ပြီးမှ ဘောင်းဘီအိတ်ထဲက ဖုန်းမြည်လာသံကြောင့်၊