intro

41.2K 1.8K 113
                                    

#Unicode

တူညီသော ရုပ်ရည်ဖြင့် တစ်ချိန်တည်းမှာပင် တစ်ပြိုင်နက်မွေးဖွားလာသူနှစ်ယောက်..။
ထိုလူနှစ်ယောက်သည် အမြွှာတွေလဲမဟုတ်သလို ဆွေးမျိုးသားချင်းလဲ မတော်ဆက်ပါပေ ။
တစ်ယောက်တစ်နေရာဆီ မွေးဖွားလာသော်ငြားလဲ အသွင်အပြင်မှာအားလုံးထပ်တူညီ၏ .. ကွဲပြားတဲ့နေရာမှာ တစ်ခုလေးတောင်မရှိပါပေ ။

မွေးဖွားသည့်အချိန်
11.11.1950(11နာရီ 11 မိနစ် 11 စက္ကန့်)

"သားလေး .. ငါတို့သားလေး"

အပျော်ကြီးပျော်နေရှာတဲ့ ဖခင်တစ်ယောက်၏ ဟစ်ကြွေးသံ ..
သားယောက်ျားလေး လိုချင်ခဲ့သည့် သူ၏ဆန္ဒ ပြည့်ဝခဲ့၏ ။
ဇနီးဖြစ်သူလဲ အန္တရာယ်ကင်းသည့်အပြင် သားလေးသည်လဲ ကျန်းမာစွာဖြင့် လူ့လောကကို ရောက်ရှိလာခဲ့သည် ။
ဒီ့ထက် သူက ဘာတွေကိုလိုအပ်မှာတဲ့လဲ ။

"Jungkook ... Jeon Jungkook "

ချစ်စဖွယ်မျက်နှာလေးကိုကြည့်၍ ထိုအမည်နာမလေးကို ရေရွတ်လိုက်သည် ။ သားလေးမွေးရင် ပေးမည်ဟု ရည်ရွယ်ခဲ့သည့် ထိုနာမည်လေး ...
"နိုင်ငံတော်၏ မဏ္ဍိုင်"ဟူသည့် အဓိပ္ပာယ်လေးဖြင့်ပေးလိုက်သည် ။

**

"သေဆုံးချိန် 11: 15 "

ပဝါအဖြူစကြီးအုပ်လိုက်တဲ့ ဇနီးသည်၏ရုပ်အလောင်းကို မမှိတ်မသုန်ကြည့်နေမိသည်။
ဤကလေးကိုမမွေးဖို့ အတန်တန်သတိပေးခဲ့လျက်နှင့် ခေါင်းမာတဲ့ ဇနီးသည်က ရအောင်မွေးခဲ့သည် ။
ကလေးငယ်က အရာအားလုံးကိုဖျက်ဆီးပစ်မည့် ကလေးတစ်ယောက်ဖြစ်ကြောင်းကို နတ်ဆရာမကြီးက ဟောပေးခဲ့သည် ။ နတ်ဆိုးတစ်ပါးနှင့် လုံးဝမခြားသူဖြစ်မည်တဲ့။
ဒါကိုတောင် ဇနီးဖြစ်သူကခေါင်းမာခဲ့၏ ။
အခုတော့ သူမ၏အသက်ကိုပင် ပေးလိုက်ရလေပြီ ။

"ယုတ်ညံ့လွန်းတဲ့ ကလေး.. ထွီ!"

ပုခက်ထဲမှာ အပူအပင်ကင်းစွာအိပ်နေတဲ့ ထိုကလေးကိုကြည့်၍ စက်ဆုပ်ရွံရှာစွာဆိုလိုက်သည် ။
သူချစ်ရတဲ့မိန်းမကို သတ်ပစ်ခဲ့သည့်ကလေးပေမို့ လုံးဝမချစ်နိုင်ပါပေ ။
နတ်ဆိုးနှင့်တူသည့် ထိုကလေးက သူ၏သားအဖြစ် ရှင်သန်လာရသည်တဲ့လား .. ကျက်သရေမရှိပါပေ ။

WHY Not Me?(Completed)Where stories live. Discover now