"cause....i~~ remember every time...🎼"
မနက်စောစော ထမြည်လာတဲ့ ဖုန်းသံကြောင့် Gemini တစ်ယောက် မျက်လုံးမပွင့်တပွင့်ဖြင့် ထကိုင်လိုက်သည်။
"ဟယ်လို"
"ဟေးးး Gemini Norawit မနေ့ကငါ့ကိုကတိပေးထားတာမှတ်မိပါသေးရဲ့လားဗျ"
ကိုင်ကိုင်ချင်းကြားလိုက်ရသည့်အသံဆာဆာလေးကြောင့်သူပြုံးမိသွားသည်။
ဘာတွေများစားနေလို့အသံလေးကအစချစ်စရာကောင်းနေပါလိမ့်နော်..
"အေးပါ မမေ့ပါဘူး ခုမှအစောကြီးကို"
"ဟာ စောတာတွေမစောတာတွေမသိချင်ဘူး ငါဆီ နာရီဝက်အတွင်းရောက်အောင် မလာရင် ငါအတည် စိတ်ဆိုးပြီ"
"နာရီဝက်? ဟုတ်လား"
"အေး ဒါဘဲ!"
*တီ...တီ......
"ဟာ ဘာလဲဟဒီကလေး အေးပေါ့လေ ချစ်လွန်းတော့လဲ ဘာတတ်နိုင်မှာလဲ Gemini ရယ်"
သူ့ဘာသူပြောကာ အိပ်ယာတွင်းမှ ကုန်းရုန်းထလာရပါတော့သည်
*ဝုန်း
"နာရီဝက် နာရီဝက် နာရီဝက်!!!"
အိပ်ခန်းထဲတွင် ရေချိုးခန်းထဲဝင်လိုက် မပြင်ထွက်လာလိုက် တစ်ယောက်ထဲဗျာများနေတဲ့ Gemini သူ့ကလေးပြောတဲ့ နာရီဝက် ဆိုတဲ့အချိန်ကွက်တိရောက်အောင်သွားနိုင်ဖို့အရေး ကြိုးစားနေတာဖြစ်သည် မဟုတ်ရင်သူစိတ်ဆိုးခံရနိုင်သည်
စိတ်ဆိုးခံရမှာအဲ့လောက်ကြောက်သတဲ့လား?
ဟုတ်တာပေါ့ ကျတော်ဆိုတဲ့ကောင်က ဘယ်ကောင်စိတ်ဆိုးဆိုး ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ပေမဲ့ ကျတော့်ရဲ့ နေကြာလေး စိတ်ဆိုးမှာ ကျတော်သိပ်ကြောက်တာဗျ သူစိမ်းဆန်နေတာတွေ တွေ့ရင်လှည့်ထွက်သွားမှာတွေ အတွေ့မခံတာတွေ သူစိတ်ဆိုးရင် ဖြစ်လာမဲ့ အရာတွေကို တွေးကြည့်ရင် သေမတတ်ဘဲ...ခုလဲကြည့်အုန်း ဒီကောင်လေးကြာင့် ဘဝမှာအေးဆေးနေခဲ့ရတဲ့ ကျတော်လဲ ပရုတ်သုတ်ခတွေ ဖြစ်လို့နေပြီဗျာ....
Gemini တစ်ယောက်မြန်မြန်ဆန်ဆန်ဘဲ ရေမိုးချိုးအဝတ်စားလဲကာ ဝုန်းဒိုင်းဆို ပြေးဆင်းလာတာကြောင့် အမေဖြစ်သူ non ဆီမှ သတိပေးစကားသံတွေထွက်လာရတော့သည်
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth