>>>>>>>>>>The Next Morning
မျက်နှာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်ကြောင့် Fourth နိုးလာသည်...နေထိုးနေသည်ကြောင့် တစ်ဖက်ကိုလှည့်လိုက်တော့သူ့ကိုကြည့်နေသော Gemini...
"ဘယ်ထဲကနိုးနေတာလဲ Gem."
အိပ်ချင်မူးတူးအသံဖြင့်မေးလိုက်တော့ Gemဟာသူ့ကိုပြုံးပြလာသည်လေ...
"ခုနကဘဲ...နေကြာငယ်ကချစ်ဖို့ကောင်းတယ်"
ပြောရင်းပင် ပါးကိုလာဆွဲသော Gem
"အာ့ နာတယ် မလုပ်နဲ့"
ရင်ခွင်ထဲမှအတင်းပင်ရုန်းကန်နေသော ကောင်ဆိုးလေးအား Gemini အသည်းယားစွာ ဆွဲဖက်ထားလိုက်တော့ အသံပိစိလေးကထွက်လာပြန်သည်လေ...
"ဖယ်ပါဆို ဇွတ်ဘဲနော် Gem!"
"ချစ်လို့ဖက်တာလေ ဘာလို့လဲ မကြိုက်ဘူးလားနေကြာငယ်က?"
"မကြိုက်တာတော့မဟုတ်ပါဘူး ဒါမဲ့ ဒီတိုင်းကြီးအိပ်နေလို့မရဘူးလေ..အွန့်."
စကားအရမ်းများလှသော ကောင်လေး၏နှုတ်ခမ်းများအား သူနမ်းပစ်လိုက်သည်။
"ဘာလုပ်တာလဲ Ai'Gem ငါမျက်နှာမသစ်ရသေးဘူးနော်!"
"အဲ့တော့ ကိုယ်ကသီလစောင့်ရမှာလား?"
Fourth တစ်ယောက်နှုတ်ခမ်းကိုစူထော်ကာ
"ဘာမှန်းလည်းမသိဘူး လွှတ်တော့ မျက်နှာသစ်မလို့"
"မင်း ကိုယ့်ကိုပြန်နမ်းရင်လွှတ်ပေးမယ်"
ဒါသူ့ကိုသက်သက်ဂွင်ဆင်နေတာဘဲ...မတတ်နိုင်ဘူးလေ လွတ်ဖို့ရာဒီတစ်လမ်းဘဲရှိသည်မို့.....
'ပြွတ်စ်!'
ထိုလူ၏နှုတ်ခမ်းများအား တစ်ချက်နမ်းကာ မျက်စောင်းလေးပြန်ထိုးလိုက်သည်...
"ရရင် လွှတ်တော့ ဟွန့်!"
သူလွှတ်ပေးလိုက်တော့ ရေချိုးခန်းထဲသို့တန်းခနဲပြေးဝင်သွားလေသော ကောင်ဆိုးလေးအားကြည့်ကာ
"ကြာလေကြာလေ ပိုချစ်စရာကောင်းလာလေဘဲ နေကြာငယ်...ကိုယ်တော့မင်းကိုအပိုင်သိမ်းရတော့မယ်တူပါတယ်.."
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth