Satang လူရှုပ်သည့်နေရာအား သဘောမကျဆိုသော်လည်းဆွဲလာသည့်လူမှာ winynny ဖြစ်နေတာကြောင့် မနေချင်နေချင်နဲ့သာ မျက်နှာကြီးစူပုတ်ထားလျက်နေ နေလိုက်သည်...
ဘာတွေအုံနေလဲတော့မသိရပေ..လူကအရမ်းများတာကြောင့် သူတို့မှာ တိုးလို့တောင်မရပါ...ဒါပေမဲ့လည်း satang ကတော့ ကျေနပ်ပါသည်..အကြောင်းမှာ သူ့ရှေ့မှ ဒေါသအိုးသည် ကိုင်ထားသည့်သူ၏လက်အားဖြုတ်ချဖို့နေနေသာသာ အထဲသို့ရောက်လေလေ ပို၍ပင်တင်းကြပ်စွာဆုပ်ကိုင်လာလေလေဖြစ်သည့်အတွက်ကြောင့်ပင်...မသိရင် ကလေးလေးတစ်ယောက်လက်ကလွတ်သွားမှာစိုးရိမ်သောကြာင့်အမေတစ်ယောက်မှ မြဲမြဲဆွဲကိုင်ထားသည့်ပုံစံမျိုးသာ...
*ရင်ထဲကလိ့ကလိ့နဲ့*
ခက်ခက်ခဲခဲဖြင့်သာတိုးထွက်လာခဲ့တော့ ရောက်ခဲ့ပါပြီ မျက်စိရှေ့တွင်မြင်နေရသောလူနှစ်ယောက်ကြောင့် satangနဲ့winynnyတို့မျက်လုံးကိုပင်ပြန်ပွတ်ကြည့်ရလောက်အောင်ဖြစ်သည်..
"P'Sarawat P'Tine"
သူတို့ရေရွှတ်လိုက်မိသည်...ထိုလူနှစ်ယောက်ဟာ အတော်ဆုံးဂီတသမားတွေဖြစ်သလို အဆိုတော်တွေလည်းဖြစ်သည်.ဒါပြင် သူတို့၏Fan တွေဟာလဲ တော်တော်များများရယ်...တစ်နည်းအားဖြင့်တော့ သူတို့ရဲ့စီနီယာပေါ့.
"ဒီနေ့ ရောက်လာရတာကတော့ ကျတော်တို့နှစ်ယောက်အတူရေးစပ်ထားတဲ့ သီချင်းလေးတစ်ပုဒ်ကိုဆိုပြဖို့ပါ "
Sarawat ရဲ့စကားအဆုံးတွင် လက်ခုပ်တီးသံများ အော်သံများဟာ ဆူညံလာသည်..
ထိုစဉ် Tineမှ Guitarကိုစတင်တီးခတ်လိုက်တာကြောင့် ဆူညံသံများဟာ တစ်ဖန်ပြန်တိတ်သွားခဲ့လေသည်...
Sarawat သီချင်းစဆိုတော့ အသံလေးဟာ သိပ်ကိုနားထောင်လို့ကောင်းသည်လေ......
*P'တို့ကလူကြိုက်များတာလည်းမဆန်း..*
Satang သူ့အတွေးနှင့်သူတွေးကာ ဘေးနားရှိ winynny အားအကြည့်ရောက်လေတော့ ဒေါသအိုးလေးဟာ သီချင်းစည်းချက်နှင့်အညီ ကိုယ်လေးအား ဟိုယိမ်း ဒီယိမ်းကာ လပ်ခုပ်လေးတီးလျက် လိုက်ဆိုနေပုံက သိပ်ကိုချစ်စရာကောင်းသည်...အကုန်လုံးနီးပါး ထိုနည်းတူပင်လုပ်နေကြသည်ဆိုသော်လည်း သူ့မျက်စိထဲတွင်တော့ ထိုကောင်လေးတစ်ယောက်သာ မြင်မိလေသည်....
အားလုံးဟာ ရှေ့ကိုကြည့်နေကြသည်ဆိုသော်လည်း satang kittiphop ဆိုသော ကောင်လေးကတော့မူ သူ့ဘေးကြည့် winny Thanawin ဟူသော ကောင်လေးဆီမှာပင်အကြည့်ရောက်နေခဲ့လေတော့သည်...*သိပ်ချစ်ဖို့ကောင်းတာဘဲ Win~*
________________
ဘာရယ်မဟုတ် ဒီတိုင်း ကိုစတန်တို့ကို လာရိုပြတာ
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth