27✨

1.1K 114 12
                                    

Sarawat တို့လည်းပြန်သွားလေပြီ....အတန်းတွေလဲတက်နေကြပြီ.. Gemini တို့အခန်းဟာလဲစာဖတ်သူကဖတ် စကားပြောသူကပြောပင်...အရာအားလုံးဟာထိုဆရာမ မရောက်ခင်ထိအကုန်ပူံမှန်အတိုင်းသာ....

"Gemini Norawit နဲ့ Fourth Nattawat ဒီထဲမှာရှိလား"

ဆရာမ၏အော်သံကြောင့် စကားသံများဟာလဲ တိတ်ဆိတ်သွားသလို စာလုပ်နေသူများကလဲ မော့ကြည့်လာသည်။

"ရှိပါတယ် ဆရာမ"

နှစ်ယောက်လုံးထကာပြောလိုက်သည်။

"သားတို့ဆရာမနဲ့လိုက်ခဲ့ပေးပါ မင်းတို့ကိုရုံးခန်းက ခေါ်နေတယ်"

ဒီတစ်ခါတွင်တော့အောက်ကကြည့်နေသည့်လူတွေတင်မက သူတို့နှစ်ယောက်ပါမျက်လုံးပြူးမျက်စံပြူးဖြစ်သွားလေတော့သည်.ဘာအတွက်ပါလိမ့်?..ဒီလိုနဲ့ဘဲ ဘုမသိဘမသိနဲ့သာ ဆရာမနောက်လိုက်သွားရတော့သည်...

အခြေအနေအလုံးစုံကိုမြင်လိုက်ရသော်လည်း နားလည်ချိန်တောင်မရလိုက်သော satang နဲ့ winynny သည်လဲ ပါးစပ်လေးအဟောင်းသားနှင့်သာ...

ရုံးခန်းကိုရှေ့ရောက်လေတော့ ဆရာမက ထားခဲ့ကာထွက်သွားလေသည်.... Gemini တစ်ယောက်ဘေးကကောင်လေးကိုကြည့်မိသည်...သူ့၏စိတ်လှုပ်ရှားသောပုံစံလေးဟာ သူ့မျက်နှာလေးပေါ်‌တွင်အတိုင်းသားပေါ်နေသည်‌....ကောင်လေးစိတ်သက်သာစေလို့ငှာ လက်ကလေးကိုကိုင်ကာ အားပေးလိုက်‌သည်...ထိုမှ စိတ်ကအဆင်ပြေသွားဟန်တူပါသည်...သူ့အားခေါင်းငြိမ့်ပြလာသောအဆိုးလေးအားပြုံးပြရင်း ရုံးခန်းထဲသို့ ဝင်ခဲ့ကြပါတော့သည်...

"ကျတော်တို့ကိုခေါ်တယ်ဆို ကျောင်းအုပ်"

Gemini မေးသည်ကိုတစ်ခွန်းမှပင်မဖြေ ကျောင်းအုပ်မျက်နှာဟာတော်တောိလေးကိုဒေါသထွက်နေမှန်းကြည့်ရုံနှင့်ပင်ခန့်မှန်းလို့ရနေသည်...အသက်ကိုခပ်ပြင်းပြင်းရှူကာ သူတို့ရှေ့သို့ ဓာတ်ပုံတစ်ချို့ကို ပစ်ပေးလာသည်...

Gemini ထိုဓာတ်ပုံများကိုကောက်ယူလိုက်သည်....

*What the ဒါကငါ fourth ကိုနမ်းထားတဲ့ပုံတွေ*

"ကျောင်းအုပ် ဒါက..."

သူ့စကားပင်မဆုံးလိုက် ကျောင်းအုပ်က လက်ကို ကာပြလျက် ‌ဒေါသသံဖြင့်စကားစလာပါတော့သည်..

A friend who is not a friend༆Where stories live. Discover now