26✨

1.2K 120 20
                                    

သူတို့လေး‌ယောက်ကျောင်းသို့ရောက်လာကြသည်...မနေ့ကလိုပင် လူများကသူတို့အားကြည့်နေကြလေသည်...မနေ့က တစ်နေ့လုံး အကြည့်ခံပြီးကြသည်မို့ ဒီနေ့တော့မထူးဆန်းတော့ပေ...လေးယောက်သားအတန်းဆီသို့လျှောက်လာကြသည်။အခန်းရှေ့သို့ရောက်နေပြီဖြစ်သော်လဲ အခန်း၏ ဘေးကတစ်ခန်းကျော်ရှိဂီတကလပ်တွင် လူများစုရုံးနေတာကို တွေ့လိုက်ကြသည်...ထိုတွင် အစပ်စုဆုံး winynny မှ

"ဟျောင့်တွေ ဘာဖြစ်တာလဲမသိ သွားကြည့်ရအောင်"

"ဟာ တော်ပါတော့ကွာ ပျင်းစရာ"

Satang တစ်‌ယောက်ပြောကာ winynny အားမျက်နှာကြီးရှူံ့ပြလိုက်သည်။

"လာစမ်းပါ ငါ့ကိုလာမဲ့ပြမနေနဲ့"

ရုတ်တရက်ဆိုသလိုပင်Satang လက်အားဆွဲကာ လူအုပ်ကြားထဲတိုးဝင်သွားသောwinynny!

"မင်းရောသွားအုန်းမလား Fourth!"

"တော်ပါပြီ လာပါ အခန်းထဲဝင်ရအောင်..."

သူတို့နှစ်ယောက်လဲ အခန်းထဲဝင်လာခဲ့ကြသည်... သို့သော်လဲ အကုန်လုံးမှာ ဂီတကလပ်ရောက်နေသည်ဖြစ်တာကြောင့် အခန်းထဲတွင်မည်သူမျှရှိမနေပါ...,ထိုအချိန်အားအခွင့်ကောင်းယူလျက် Gemini တစ်ယောက် ဘေးတွင်ကပ်ပါလာသော fourth ပါးလေးအား ဖြတ်ခနဲနမ်းလိုက်လေသည်။

"အာ့ ဘာလုပ်တာလဲ Gem!"

ရုတ်တရက်လန့်သွားတာကြောင့် နောက်တွင်ရှိသော ခုံပေါ်သို့လက်ထောက်ကျသွားလေသည်.....ထို့နောက် သူ့မျက်နှာနားသို့ နီးကပ်စွာရောက်လာသော Gemini မျက်နှာချောချောကြောင့် သူ့နှလုံးခုန်သံများဟာအထိန်းအကွပ်မဲ့စွာ ကျယ်လောင်လျက်...

"ဘာ ဘာ ဘာလုပ်တာလဲ Gem~"

ရှက်လွန်းတာကြောင့် ထွက်လာသည့်စကားများဟာ အထစ်ထစ် အငေါ့ငေါ့ဖြင့်သာ..

'ရွှုတ်'

ရုတ်တရက် ကျန်သည့်ပါးတစ်ဖက်အား အနမ်းခံလိုက်ရတာကြောင့် လူဟာ ရှက်လွန်းလို့သေတော့မလိုပင်..

"ဘာလုပ်တာလဲ ဖယ်တော့ သူများတွေမြင်သွားလိမ့်မယ်!"

ရှက်ရှက်ဖြင့်ပင် ထိုလူ၏ရင်ဘတ်အားသူတွန်းထုတ်လိုက်သည်ဆိုသော်လဲ နည်းနည်းမျှပင်ရွေ့မသွား...

A friend who is not a friend༆Where stories live. Discover now