14✨

1.1K 172 6
                                    

>>>>>>>>>>have arrived at school

ကားပေါ်ကဆင်းတာတောင် fourth ၏လမ်းလျှောက်ပုံကမူမမှန် ယိုင်တိုင်တိုင်ဖြစ်နေတာကြောင့် Gemini ရဲ့စိတ်ပူသည့်စိတ်တွေဟာ စက္ကန့်နဲ့အမျှပင် ထိုးတက်နေလေသည်....

"Fourth ရရဲ့လား ငါအိမ်ပြန်လိုက်ပို့ပေးရမလား.."

Fourth ရဲ့ပုခုံးအားဖက်ကာလက်ကလေးအား တင်းကျပ်စွာဆုပ်ကိုင်လျက် မေးလိုက်သည်..

"Gemini ကျောင်းရှေ့မှာနော် တော်ကြာfourthပါမင်းနဲ့အတူချက်ချင်းတွေနာမည်ကြီးကုန်မယ်"

Winynny ရဲ့သတိပေးသံကြောင့် ပုခုံးကိုင်ထားသည့်လက်ဟာဖြေလျော့သွားသည်ဆိုသော်လဲ လက်ကိုင်ထားတာတော့လွှတ်မပေးပေ...

"ဒီလို‌လုပ် ဒီအခြေအနေနဲ့ ဘယ်လိုလုပ် ကျောင်းသွားတက်မှာလဲ Gemini မင်းပါကျောင်းပျက်လိုက်.."

Satang စကားကြောင့် အကုန်လုံး 'ဟင်...ဟာ' ဖြစ်ကုန်ကြသည်..ဟုတ်တာပေါ့ ဖျားတာ fourth လေ Gemini က ဘာလို့ပျက်ရမှာလဲ ဆိုသော အတွေးများနှင့်...

"ဟာ ဒီလိုလေ Gemini က fourth ကိုအိမ်ပြန်လိုက်ပို့တော့ သူကဘယ်လိုလုပ်အတန်းချိန်မှီတော့မှာလဲ မဟုတ်ဘူးလား ပြီးတော့ သူ့လိုနာမည်ကြီး ထူးချွန်ကျောင်းသားတစ်ယာက်က ခိုးဝင်လာဖို့ဆိုတာကလဲ 100%မှာ 5% နှုန်းတောင်မသေချာနေတာကို ငါပြောတာမှားလား?"

သူပြောတာသေချာနားထောင်တော့လဲဟုတ်သလိုလို..

"အေးကွာ ဒါဆို တက္ကစီခေါ်ပြီး မင်းသူ့က်ုအိမ်ပြန်ပို့လိုက် ငါတို့မင်းတို့နှစ်ယောက်အတွက်ခွင့်တင်လိုက်မယ်"

"အေးကွာ ကျေးဇူးဘဲ သူငယ်ချင်းတို့."

ပြီးနောက် လာနေသော တက္ကစီတစ်စီးအား ကောက်တားကာ fourth အိမ်သို့သွားကြတော့သည်..

ထွက်သွားသည့်ကားလေးအားကြည့်ရင်း winynny တစ်ယောက် satang အားပြောလိုက်သည်က...

"Satang မင်းထင်လား Geminiကfourth ကိုလိုက်နိုင်မယ်လို့လေ"

"ငါထင်တယ် ဘာလို့ဆို fourth ဘက်ကလဲ တဖြည်းဖြည်း friend zone ကနေ ထွက်နေပြီ.ကြည့်ပါလား Geminiဘာလုပ်လုပ်သူငြိမ်ခံနေတာလေ ပြီးတော့ ခေါ်တဲ့ nicknameကလဲ ငါတို့နဲ့ မတူဘူးလေ "Gem"တစ်လုံးထဲ.."

A friend who is not a friend༆Where stories live. Discover now