Fourth တစ်ယောက် အိမ်လည်းမပြန်ချင် ဘယ်သွားရမှန်းမသိတာကြောင့် Taxi မောင်းနေသည့် ဦးလေးကြီးအားမေးမိသည်။
"ဦးလေးစိတ်ညစ်ရင်ဘာလုပ်ရမလဲသိလားဟင်"
"တူလေးကစိတ်ညစ်နေလို့လား"
"ဆိုပါတော့ ဦးလေးရာ"
"ဦးလေးလဲမပြောတတ်ဘူး တူလေးရ တူလေးဘယ်သွားချင်လဲ ဦးလေးလိုက်ပို့မယ်လေ"
ဦးလေး၏အပြောကြောင့် သူခနလောက်တော့စဉ်းစားခန်းဝင်လိုက်သည်...နောက်တော့ သူဆုံးဖြတ်လိုက်သည်...
"ကျတော့်ကို Mahidol ဆီပို့ပေးပါ"
{Mahidol =မဟီတလ
ထိုင်းနိုင်ငံရဲ့ နံပါတ်တစ် တက္ကသိုလ်ပါ
ဒီမှာတော့ promတို့ကို အဲ့တက္ကသိုလ်မှာထား ထားပါတယ် 🌚}..............
"တူလေး ရောက်ပြီ"
Fourth လည်းကျသင့်ငွေပေးကာ ကျောင်းရှေ့သို့ လျှောက်သွားလိုက်သည်...ထိုစဉ် သူခပ်ဝေးဝေးမှ လျှောက်လာသော လူတစ်စုကိုမြင်လိုက်သည်...ဘေးမှာ ဘယ်သူဘယ်ဝါတွေမှန်းမသိသော်လည်း အလယ်မှာတော့ သူ့အကို Prom ဆိုတာကို သူသေချာသိလိုက်သည်...ဒါကြောင့်ပင် ဝင်းကြီးအတွင်းသို့ပြေးဝင်ကာ သူ့အကိုအား ပြေးဖက်ပါတော့သည်...
"အာ့"
Promအသံထွက်ကာ နောက်ကိုပင်ယိုင်ကျသွားရသည်...ရှေ့မှပြေးချလာသောကောင်လေးဟာ သူ့ညီမှန်းသူသိလိုက်သည်...ပြေးလာသောအရှိန်ဟာနည်းတာမဟုတ်...သူရှောင်လို့ရသော်လည်းသူမရှောင်ခဲ့ သူသာ ရှောင်ချလိုက်မယ်ဆိုရင်သူ့ညီပြုတ်ကျကာ နာသွားမည်ကိုသူမလိုလားလို့လေ...
"P'prom ဟင့်!"
ကိုယ်ပေါ်ကပ်နေသောကောင်လေးအား ခွာကာ မျက်နှာအားကြည့်လျက် မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ ကြွက်စုတ်လေး ငါ့ညီကိုငိုအောင် ဘယ်ကောင်လုပ်တာလဲ ပြောစမ်း p'ကို!"
*Sab*
နှာခေါင်းလေးတစ်ချက်ရှုံ့ကာ မျက်နှာမော့လျက်သူ့အားခေါင်းခါပြလာသည်...
"ဘာလို့ငိုလာတာလဲ ခုကကျောင်းချိန်မဟုတ်ဘူးလား ကျောင်းမတက်ဘူးလား?"
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth