19✨

1.1K 121 8
                                    

ချစ်ရသူလေးအား အခန်းထဲဆွဲခေါ်လာခဲ့သည်...အခန်းထဲရောက်လေတော့ တံခါးအားလော့ချကာ သူ့အားခုတင်ပေါ်ထိုင်ခိုင်းလိုက်သည်။ထိုစဉ်နေကြာငယ်၏အလိုမကျသံလေးထွက်လာလေသည်..

"Gem Mommy တို့က ငါ့အတွက်အခန်းပြင်ပေးထားတာကိုမင်းဘာလို့ငါ့ကိုအတင်းခေါ်လာရတာလဲ?"

နှုတ်ခမ်းလေးဆူကာပြောနေပုံကိုကသူ့အတွက်အသည်းယားစရာအတိ...

"ရှင်းနေတာဘဲ မင်းကိုငါနဲ့အိပ်စေချင်လို့လေ"

သူ့မျက်လုံးအားတည့်တည့်ကြည့်ကာပြောလိုက်လေတော့ရှေ့က ကောင်လေးမှာ ရှက်သွေးဖြာလျက် အကြည့်ချင်းလွှဲသွားတော့သည်။

"ထားပါတော့ toilet ဘယ်မှာလဲ"

"ဟိုမှာ!"

Toilet နေရာအားလက်ညိုးထိုးပြလိုက်တော့ တန်းခနဲပြေးဝင်သွားသော Fourthအားကြည့်ရင်း..

"ဘယ်လိုလေးလဲ နေကြာလေးရယ် အသည်းယားလွန်းလို့ကိုယ်ရူးတော့မယ်!"

ကိုယ်လက်သန့်စင်ပြီးပြန်ထွက်လာတော့ အခန်းကိုစပ်စုနေသည့်ကောင်ဆိုးလေးအနား‌ အသံမကြားရလေအောင်ခြေကိုဖွဖွနင်းလျက် လျှောက်သွားကာခါးကိုဖက်လိုက်သည်။

"အမလေး!ဘာလုပ်တာလဲ Gem"

"ဖက်ချင်လို့လေ ဘာလို့လဲမဖက်ရဘူးလား"

"မဖက်နဲ့ သွား ဘယ်သူငယ်ချင်းကအဲ့လိုကြီးကပ်နေလို့တုန်း!"

"ဘာဖြစ်လဲ ဖက်လို့ရပါတယ်"

"မရဘူးလို့!! Gem!!!!"

သူ့အားပြောဆိုကာ အတင်းတွန်းထုတ်နေသောကောင်ဆိုးလေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှ နှစ်ယောက်သားခုတင်ပေါ်သို့ကျသွားတော့သည်။ Fourth မှာ အောက်ရောက်ကာ Gemini ကတော့ အပေါ်မှအုပ်မိုးလျက်...

ပြန်ကုန်းထတော့မည့်ကောင်လေးအား ပြန်၍တွန်းချကာ လက်နှစ်ဖက်ကိုချုပ်ထားလိုက်လေသည်..ပြီး‌နောက်နှစ်ယောက်သားအကြည့်ချင်းစိုက်ကာ Gemini မှ..

"ငါကမင်းမတွက်သူငယ်ချင်းသက်သက်ဘဲလား... Fourth"

သူ့အားအတည်ပေါက်ကြီးဖြင့်မေးလာသော Gemini ကြောင့်ရင်ခုန်သံတွေမြန်လာရသည်..

A friend who is not a friend༆Where stories live. Discover now