"အိုးဟိုး fourth နေပါအုန်း ငါ့ကိုစောင့်အုန်း"
သူသွားချင်ရာကို ဇွတ်ပြေးသွားတဲ့ fourth နောက်အား ပြေးလိုက်ရတာ မောလာသောကြောင့် Gemini တစ်ယောက် စောင့်ခိုင်းရသည်။ အမှန်တကယ်သူမောနေပြီဖြစ်တာကြောင့်သာ စောင့်ခိုင်းရခြင်း...
ဒါကိုတောင်ရှေ့ကကောင်လေးမှာ မစောင့်ချင်စောင့်ချင်နဲ့ စောင့်နေရတဲ့စူပုတ်ပုတ်ရုပ်ကလေးအား ကြည့်ရင်း ပြုံးနေနိုင်သူကား Gemini သာပင်..
"မြန်မြန်လာ Gem!"
"လာပါပြီ လာ.... အမလေး!!"
တစ်ခုခုဆို ဇိုးကနဲဇက်ကနဲ လုပ်တတ်တဲ့ fourthတစ်ယောက် ခုလဲ မောလို့ခနရပ်နေသော Gemini လက်အား ဆွဲကာ သူစီးချင်သော roller coaster ဆီသို့ ပြေးချသွားပါတော့သည်။
>>>>>>>>>Markford
နှစ်ယောက်သား လမ်းသာလျှောက်နေသော်လဲ ဘာစကားမှမပြော တိတ်ဆိတ်လို့နေလေသည်။ Mark တစ်ယောက် ဒီအခြေအနေကြီးကိုသဘောမကျပါ သူ့ခမျာ fordနဲ့စကားပြောရဖို့အရေး Nong fourth ကိုတောင် ဝင်တားခဲ့ရသေးသည်မဟုတ်လား။
အဆုံး မနေနိုင်သည့်သူကဘဲ
"Ford ရေခဲမုန့်စားမလား"
"အင်း စားမယ်လေ"
ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အေးအေးလူလူပင် ပြန်ဖြေတဲ့ ford
"ဒါဆို ကျတော်တို့သွားဝယ်ရအောင်"
"ကောင်းပြီ သွားကြမယ်လေ"
ထို့နောက် ရေခဲမုန့်ဆိုင်ဆီသို့....
>>>>>>>>>Satangwinny
"ငါတို့ဘာလုပ်ကြမလဲ satang"
"မသိဘူးလေ မင်းဘာလုပ်ချင်လဲ ပြောလေ"
"မင်းပြောလေဟျောင့်ရ"
ကစားကွင်းထဲလာကာ မင်းပြောငါပြောလုပ်နေကြတဲ့ ညီအကိုနှစ်ယောက်
"တော်ပြီ ဒီလိုနဲ့ ဘာမှဆော့လိုက်ရမှာတောင်မဟုတ်ဘူး"
Winynny ပြောကာခဏတာမျှ ပတ်ဝန်းကျင်အား လေ့လာလိုက်ပြီးနောက် တစ်ခုခုစီ အကြည့်ရောက်သွားပြီး
"ဟိုမှာငါတွေ့ပြီ satang"
"ဟမ် မင်းမပြောနဲ့နော် အဲ့တာကြီးစီးမယ်လို့"
YOU ARE READING
A friend who is not a friend༆
Fanficအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth