"ခုနက ဘယ်လိုဖြစ်နေကြတာလဲ ပြောစမ်းပါအုန်း..."
ဆိုဖာပေါ်တွင် အပြစ်ရှိဟန် မျက်နှာထားလေးများနှင့် ကျုံ့ကျုံ့လေးထိုင်နေကြသော Geminiနဲ့fourth အား Winynnyမှမေးလိုက်ခြင်းပင်...
Flash back>>>>
သူတို့ fourth ခြံရှေ့ရောက်တော့ ပန်းပင်ရေလောင်းနေပုံရသည့် fourth အမေက လှမ်းခေါ်သည်..
"သားတို့ လာကြလေကွဲ့ ဘာရပ်လုပ်နေကြတာလဲ"
"ဟုတ်ကဲ့အန်တီ လာပါပြီ"
Satang ကပြောကာ ရီပြုံးပြုံးနှင့် ဝင်လာသည် နောက်မှ Winynny က ကပ်ပါလာသည်..:
"Fourth ခေါ်လို့အန်တီ"
Winynny နဲ့ satang တို့ ပြုံးပြလျက် လာရသည့်အကြောင်းအရင်အား ပြောသည်
"အေးကွယ် ခုနကဘဲ သားGeminiနဲ့ ဂိမ်းဆော့မယ်ပြောပြီးအခန်းထဲဝင်သွားတာဘဲကွဲ့ လိုက်သွားလေ သားတို့"
"ဟုတ် အန်တီ ဒါဆိုကျတော်တို့ကိုခွင့်ပြုပါအုန်း"
"အေးအေး"
သူတို့လဲ Mae Lin ကိုနှုတ်ဆက်ကာ fourth အခန်းရှိရာသို့တက်လာခဲ့ကြသည်..
အခန်းရှေ့ရောက်တော့
"နေအုန်း satang"
တံခါးခေါက်ဟန်ပြင်နေသည့် satang လက်အား ဖမ်းဆွဲလိုက်သည်။
"ဘာဖြစ်ပြန်တာလဲ နေအုန်း မင်းမပြောနဲ့နော် ထပ်မွှေအုန်းမယ်လို့"
"ဟာ မင်းကလဲ ဒီကောင်က အမြဲ လော့မချထားဘူးလေ အဲ့တော့ မခေါက်နဲ့ ငါတို့ စ ကြရအာင်"
"ဟ ဟျောင့်ရဖြစ်ပါ့မလား တော်ကြာနေ စိတ်ဆိုးမှဖြင့် အကုန်ငါးပါး ဆယ်ပါး မှောက်ကုန်အုန်းမယ်"
"ရပါတယ် အေးဆေးပါ ငါတို့စွာတေးလန်က အဲ့လောက်မဆိုးဘူး မင်းဖယ်စမ်း"
Winynny တစ်ယောက် တံခါးရှေ့ရပ်နေသော satang အားတွန်းထုတ်ကာ တံခါးကို ဝုန်းခနဲဖွင့်ချလိုက်သည်..တွေ့လိုက်ရသည့်မြင်ကွင်းကား winynny အတွက် တော်တော်လေးကို အံ့ဩသွားခဲ့ရသည်။နောက်တွင်ကြည့်နေသော satang ဆီကလည်း အသံထွက်လာခဲ့သည်။
"အမေရေ ဒါဘယ်နှယ့် အခြေအနေကြီးလဲ!?"
မြင်တွေ့လိုက်ရတဲ့မြင်ကွင်းဟာ Fourth ဟာ Gemini ရင်ခွင်ထဲတွင် ရောက်နေပြီး Gemini ဟာလဲ ရင်ခွင်ထဲရှိ fourth အား ငုံ့ကြည့်နေပုံဖြစ်သည်..သူတို့မျက်နှာတွေဟာအရမ်းနီးကပ်နေတာကြောင့် တံခါးဝနေရာကကြည့်မည်ဆိုရင် နမ်းသလိုဖြစ်နေသည့်အတွက် satang နဲ့ winynnyတို့အမြင်တွင် Gemini နဲ့ fourth တို့ဟာနမ်းနေသည့် မြင်ကွင်းကြီးဖြစ်နေလေသည်။
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth