>>>>>>>>>>>>Morning
မျက်နှာပေါ်သို့နေရောင်ခြည်ကျရောက်လာသောကြောင့် Fourth တစ်ယောက်အိပ်ရာမှ အိပ်ချင်မူးတူးဖြင့်ထလာသည်။
"နိုးပြီလား စွာတေးလန်လေး!"
ရှုပ်ပွနေသောခေါင်းကိုလာပွတ်ကာ ပြောလေသော အနှီလူသား...
"ဘာလို့လိုက်ကာဖွင့်လိုက်တာလဲ အိပ်နေတာကို"
အိပ်ချင်မပြေသေးတာကြောင့်ပြောသည့်စကားလုံးများဟာ ပလုံးပထွေးဖြင့်မပီမသစွာ..
"အော် ကိုယ်တော် ကျောင်းသွားရမဲ့ချိန်ရောက်နေပြီသိပါရဲ့လားခမျ"
မျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ သူ့ရှေ့တွင်ရပ်နေသည့်လူသားဟာ လူလားနတ်သားလားမသဲကွဲရလေအောင်ချောမောလွန်းသည်..ဝတ်ထားသည့်ကျောင်းဝတ်စုံဖြင့်လိုက်ဖက်စွာ..ဟာကွက်မရှိအောင်ပြည့်စုံတဲ့သူငယ်ချင်းကိုရထားတာဘဲ..
*နေအုန်း ခုသူကငါ့အတွက်သူငယ်ချင်းလား ဘာလဲ crushလား ချစ်သူလား သူကငါ့အတွက်ဘာကြီးလဲ?*
"ဘာတွေစဉ်းစားနေတာလဲ ရေသွားချိုးတော့ မနက်က p'prom မင်းအတွက်ကျောင်းဝတ်စုံနဲ့လွယ်အိတ်လာပေးသွားတယ်"
"ဟမ် p'ford က ဘယ်သွားလို့လဲ ပြီးတော့ ဘာကိစ္စငါ့ကျောင်းပစ္စည်းတွေလာပေးတာလဲ"
"ဘယ်သိမှာလဲ မအားလို့နေမှာပေါ့ ပစ္စည်းလာပေးတာ အစကမင်းကိုကားနဲ့လာခေါ်တာ ငါကငါနဲ့အတူတူသွားမယ်လို့ ပြောလိုက်တာ"
"တစ်ကယ်ဘဲဘာမှန်းကိုမသိဘူး ငါ့များ သူ့အပိုင်ကျနေရော"
မျက်စောင်းတစ်ခဲခဲ ပါးစပ်ကပွစိပွစိဖြင့်ခေါင်းကိုကုတ်ကာရေချိုးခန်းထဲဝင်သွားသော ကောင်လေးအားကြည့်ရင်း Gemini မှာအသည်းတယားယားဖြင့်သာ...
•
ကျောင်းတက်ဖို့ပြင်ဆင်ကာ အောက်ဆင်းလာကြတော့ Mommy non မှ လှမ်းခေါ်လာသည်။
"သားတို့ မနက်စာလာစားကြ"
"ဟုတ် Mommy "
Mommy non ပြောသည့်စကားအားအကြောင်းပြန်ကာfourthလက်ကိုဆွဲပြီးထမင်းစားခန်းထဲဝင်လာခဲ့သည်။
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth