21✨

1.1K 147 14
                                    

>>>>>>>>>School home time

ကျောင်းဆင်းတော့ satang တစ်ယောက် Gemini နဲ့ Fourth အားမနည်းပင်ဖြေရှင်းကာပြန်လွှတ်လိုက်ရသည်။ လိုချင်သည့်အဖြေမရမချင်းတောင်းနေသည့် Fourth နှင့် ဝိုင်းမဆွဲဘဲ Fourth ဘက်က ပါနေသည့် Gemini တို့နှစ်ယောက်အား Group chat မှာပြောပြပါ့မယ်ဟုဆိုကာ ထိုင်ကန်တော့မတတ်ပင်ပြောလိုက်ရလေသည်...ဒါတောင် စွာတေးလန်မှာမသွားချင်သွားချင်နဲ့ Gemini နောက်ယက်ကန်ကန်ကာပါသွားသေးသည်။

*လူကစိတ်ညစ်နေတာ သူတို့ကြောင့်ဦးနှောက်ပါခြောက်သွားသလိုဘဲ*


စိတ်ညစ်ညစ်ဖြင့် ကျောင်းအပြန်တွင် အဖေဖြစ်သူထောင်ထားသော barအား သွားလိုက်သည်။အသက်မပြည့်သေးဘူးဆိုသော်လဲ ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်တာကတစ်ကြောင်း ငယ်ငယ်တည်းက ထိုဆိုင်အားအဖေဖြစ်သူမှဦးစီးဦးဆောင်လုပ်ခိုင်းခဲ့တာကတစ်ကြောင်းဖြင့် အတားအစီးမရှိစွာချောချောမွေ့မွေ့ဖြင့်ဝင်ရောက်နိုင်ခဲ့သည်။ဝန်ထမ်းတစ်‌ယောက်ခေါ်သွားသော VIP အခန်းထဲဝင်ကာ စမတ်ကျကျထိုင်လိုက်သည်။ ဘယ်လောက်ပင် စိတ်ညစ် စိတ်ဓာတ်ကျနေပါစေ သခင်လေး satang kittiphop ဆိုသော ဂုဏ်ပုဒ်ကိုတော့သူအပျက်အစီးမခံနိုင်ပါ.....

"သခင်လေး မှာထားတာရပါပြီ"

ဝန်ထမ်းတစ်ယောက်ဝင်လာကာနာမည်ကြီးတံဆိပ်ပါသော ဘီယာပုလင်းတစ်ချို့တင်ထားသည့်ဗန်းအား ခုံပေါ်သို့လာချပေးသည်။
ထိုဝန်ထမ်းအား လက်ဖြင့်အချက်ပြကာထွက်သွားရန် ပြောလေတော့ ဦးညွှတ်လျက် အခန်းအပြင်ထွက်သွားလေတော့သည်။

သူဘီယာပုလင်းတစ်လုံးကိုကိုင်ကာပြောလိုက်သည်။

"ငါပထမဆုံးအရက်စသောက်တာက မင်းကြောင့်ဘဲ Winynny!"

Winynny တစ်ယောက် ရေချိုးပြီးနောက် အဝတ်အစားများဝတ်ကာ လျှော်ထားသော ခေါင်းအား တဘက်ဖြင့်ခြောက်အောင်သုတ်နေလိုက်သည်။ဒီနေ့အိမ်တွင်သူတစ်ယောက်ထဲအိပ်ရမှာဖြစ်သည်..စိတ်ဆိုး၍satangတိုက်ခန်းမှထွက်လာသော်လဲ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမျှပင် တစ်ယာက်ထဲမအိပ်ခဲ့ဖူးပါ... အတန်အသင့်ချမ်းသာသည့်အသိုင်းအဝိုင်းကဆိုသော်လဲ သူ့၏မိဘများမှာ သူ့အားပိုးမွေးသလိုပင်မွေးထားတာကြောင့် ရှေ့လပင်18နှစ်ပြည့်တော့မယ်ဆိုသော်ငြားလဲ ခုထိကိုကလေးစိတ်မပျောက်သေး..သူဘယ်လောက်ဆိုးသွမ်းမိုက်ရိုင်းအနိုင်ကျင့်နေပါစေ သူချွင်းချက်ကတော့သရဲကိုအလွန်ကြောက်သည်...သရဲလို့မြင်ဖို့မဆိုထားနှင့် အသံကြားရုံနဲ့ မူးလဲမတတ်ပင်..

A friend who is not a friend༆Where stories live. Discover now