31🚩{Final}

2.8K 139 30
                                    

ရွေ့လျားနေတဲ့တိမ်တိုက်တွေ...ပြာနုရောင်ရှိတဲ့ကောင်းကင်ကြီး...~တရွေ့ရွေ့တက်လာနေတဲ့ရေလှိုင်းတွေ...ဝင်လုစဲစဲ နေမင်းကြီးရယ်နဲ့ တဖြူးဖြူးတိုက်ခတ်လာတဲ့လေပြေလေညင်းတွေ....သဲသောင်ပြင်ကမ်းစပ်မှာထိုင်ရင်း ထိုအရာတွေကို Fourth တစ်ယောက်ကြည့်ရင်း အတွေးများဟာ ပျံ့လွှင့်လျက်....~

အချိန်တွေဟာ သိပ်ကိုမြန်လွန်းသည်...တစ်နှစ်ဟူသော ခနတာအတွင်းမှာပင် သူ့ရဲ့ဘဝဟာ ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်..သူတင်မဟုတ် သူ့အနားမှာရှိသည့်သူများဟာလည်း မျက်လှည့်ပြသလိုပင် ပြောင်းလဲသွားကြသည်...အရင်ကအမြဲတမ်းကိုက်နေကြပါသော သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် satang နဲ့ winynny ဟာ ခုဆိုရင်တော့ဖြင့် ချစ်သူရည်းစားဘဝသို့ ရောက်ရှိနေကြပြီ... သူတို့အချစ်ဟာလည်း အတော်လေးကိုခက်ခဲသည်...LGBTကိုသေအောင်မုန်းလှပါသည်ဆိုသော winynny အဖေဖြစ်သူအား သူတို့နှစ်ယောက်လက်ခံလာအောင်အစွမ်းကုန်ကြိုးစားခဲ့ကြသည် ...နောက်ထပ် ဖြစ်သွားပါသေးသည်... p'prom ဟာ Aun Napat ဆိုသော လူကြီးနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်းနှင့် အမေရိကန်သို့ သွားရောက်ကာ ယောက္ခမများအားတွေဆုံရမည်ဖြစ်ကြောင်း သူသိခဲ့တုန်းကလည်း ငိုကြီးချက်မ ဖြစ်ခဲ့ရသေးသည်...မသွားခင် တစ်ညလူံး p'prom အခန်းထဲတွင်နေ၍ မရပ်မနားပင် သူ့အကိုအားဖက်ကာ ငိုခဲ့တာကို သူခုထိကိုမေ့မရနိုင်...အဲ့တုန်းက သူတော်တော်ကြောင်တိကြောင်တောင်နိုင်ခဲ့တာဘဲ... p'ford နဲ့P'Mark တို့ ခုဆိုရင် နှစ်ယောက်ပေါင်းကာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး company ကြီးကိုတည်ထောင်ခဲ့ကြသည်... ကမ္ဘာအတော်ဆုံးစီးပွားရေးလုပ်ငန်းရှင်နှစ်ယောက်ဖြစ်အသိအမှတ်အပြုခံရသည်။ ဂုဏ်ပြုပွဲအခန်းအနားတွေ ဖိတ်ကြားတဲ့ပွဲမှန်သမျှကိုအတူတူ သွားတက်ကြသည်...အားလုံးက Mark ဆိုFordပါတွဲမြင်သလိုဘဲ Fordဆိုတာနဲ့ Markပါတွဲမြင်ကြရလောက်အောင်ကိုတပူးတွဲတွဲနဲ့ပင်...ခုဆို သူ့ဘဝဟာလည်း ဝုန်းခနဲဒိုင်းခနဲ ဆိုသလိုပင် အဆင်သင့်တောင်မဖြစ်ခဲ့ဘဲ ၁၈ပြည့်မွေးနေ့မှာပင် လက်ထပ်လိုက်ရသည်..အိမ်ထောင်သည်ဖြစ်ခဲ့ရသည်...မပျော်ဘူးလား? မဟုတ်ပါဘူး သူအရမ်းပျော်ပါတယ် ...သူချစ်ရသူနဲ့လက်ထပ်ခဲ့ရတဲ့အတွက်သူကျေနပ်တယ်... ဒါပေမဲ့တစ်နစ်လုံးသူငယ်ချင်းအဖြစ်နဲ့နေကာ သူ့မှာ ရည်းစားတောင်မဖြစ်သေးပါဘဲ ချစ်တယ်လို့တောင်တစ်လုံးမှမပြောထွက်ခဲ့ပါဘဲ ထိုလူသားကဘဲပြောကာ ထိုလူသားကပင် သူ့အားအပိုင်သိမ်းသွားခဲ့သည့်အတွက် သူနည်းနည်းတော့ စိတ်ဆိုးချင်ချင်ဖြစ်မိသည်လေ....

A friend who is not a friend༆Where stories live. Discover now