>>>>>>School reopening day
Fourth တစ်ယောက်Busမမှီမှာဆိုးတာတစ်မျိုး အိမ်ကလူတွေမှာတမ်းခြွေတာကိုနားမခံသာတာ တစ်ဖုံ နောက်ကျရင် ဆဲဖို့အသင့်စောင့်နေသော satang နဲ့ winynnyတို့၏ မျက်နှာအားပြေးမြင်တာက တစ်ချက်ဖြင့် မနက်စာကိုခပ်သွက်သွက်စားကာ ခပ်မြန်မြန်ပင် အိမ်က ထွက်ခဲ့တော့သည်..ဒါတောင် "P'ကားနဲ့ လိုက်ခဲ့" ဟု အတင်းခေါ်နေသော သူ့အား အမြဲကလေးလို့မြင်နေသည့် p'ford ကိုလဲ မနည်းပင် ပြောကာ ငြင်းခဲ့ရသည်မဟုတ်ပါလား..
*လက်ရှိဘဝကကလေးဘဝထက်ကိုဆိုးနေလိုက်တာကွယ်*
"Hey!! Fourth"
Bus ကားဂိတ်တွင် ထိုင်နေရမှ သူ့အားလက်လှမ်းပြလာသော winynny ..ခုန်ဆွခုန်ဆွဖြင့် သူတို့ရှိရာသို့သွားလိုက်သည်..
"GOOD MORNING ဟျောင့်တွေရေ"
ခပ်ပြုံးပြုံးဖြင့်ပင် ထိုင်နေသော နှစ်ကောင်အား နှုတ်ဆက်လိုက်သည်...ထို့နောက် busလဲမလာသေးတာကြောင့် winynny နဲ့ ဟိုဟာဒီဟာတွေလျှောက်ပြောနေလိုက်သည် satang နဲ့တော့ မပြောဖြစ်..ထိုရေခဲဟာ အမြဲတမ်းပင် တိတ်တဆိတ်နေကာ အားနေပုံဆွဲတတ်သည့် ကောင်ဘဲလေ သွားခေါ်လဲ အင်း အဲ ကလွဲရင် ဘာမှပြန်မရမှာသိသောကြောင့် သွားမပြောခဲ့ခြင်း....
ကားမလာခင် မိနစ်၂၀ လောက်အလိုတွင် သူတို့ဆီသို့ တန်းတန်းမတ်မတ်ကြီးပြေးလာသော Gemini ကိုတွေ့လိုက်ရသည်
ထိုအတွက်သူတို့သုံးယောက်စလုံး၏ခေါင်းထဲတွင် အတွေးတစ်ခုဟာ ပြိုင်တူဝင်လာသည်
*ဒီကောင်ဘာဖြစ်လာတာလဲ!*ဟူ၍ပင်..
သူတို့နားရောက်လာမှ ဟောဟဲဆိုက်ကာအမောဖြေနေသည့် Gemini
ရုတ်တရက်fourth မထင်မှတ်ထားတာ တစ်ခု ကိုလုပ်လိုက်တာကြောင့် မောနေသည့် Gemini ပင် ကြောင်တောင်တောင် အတတ ဖြစ်သွားလေသည်...အကြောင်းမှာ သူ့ကျောပေါ်တွင် လွယ်ထားသည့် ကျောပိုးအိတ်အား fourth မှ ဆွဲယူကာ သူ့ပေါင်ပေါ်တင်လိုက်သည့်အတွက်ကြောင့်သာ..
အကုန်လုံးကသူ့အား ကြောင်ကြည့်ကြည့်လာကြတော့ fourth တစ်ယောက်လန့်သွားသည်။နောက်မှ အကြောင်းအရင်းသိကာ တိတ်ဆိတ်လျက် သံသယပေါင်းများစွာဝဲပျံနေသည့် အခြေအနေကြီးအား မေးခွန်းတစ်ခုဖြင့်ဖြိုခွင်းပစ်လိုက်သည်။
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth