7✨

1.2K 135 5
                                    

Gemini ၏ "ဘာရယ်" ဆိုသည့်အသံနောက်တွင် ခဏတာမျှ အကုန်ငြိမ်သက်တိတ်ဆိတ်သွားကြသည်။

"ရမလား P'Mark"

သူ့ရဲ့လက်အား ဆွဲကာ ကလေးလေးတစ်ယောက်လိုပူဆာနေသည့် fourth အား ကြည့်ရင်း Mark တစ်ယောက် သက်ပြင်းချကာ Gemini ကိုလှမ်းကြည့်မိသည်

*Gem Gem က‌ရောအဆင်‌ပြေရဲ့လား*

Gemini တစ်ယောက် အတန်ကြာစဉ်းစားပြီးတော့မှ

"ကျတော် နေခဲ့ရင် အဆင်ပြေမလား P'Mark"

"ရတာပေါ့ ငါ Mommy ကိုပြောလိုက်မယ် မင်းအဆင်ပြေရင်နေခဲ့လေ Gem Gem "

"ဟုတ် ဒါဆို ကျတော်နေခဲ့မယ်"

"ရက်စ်!!!!"

ထိုအချိန်မှ အခြေအနေအရပ်ရပ်ကို မျက်လုံးလေးကလယ်ကလယ်ဖြင့် နားစွင့်နေတဲ့ fourth ဆီမှ အသံထွက်လာသည်။

"ဒါဆို p' ပြန်တော့မယ်နော် "

"ကောင်းကောင်းပြန်ပါ p' "

Markအား နှုတ်ဆက်ပြီးနောက် ရုပ်ထုကြီးအတိုင်းရပ်နေတဲ့ Gemini ဘက် လှည့်ကာ

"Gem မင်းငါနဲ့လိုက်ခဲ့ လာ"

မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ကိုကြည့်ကာ ပြောရင်း လက်ကမ်းပေးလာသည့် ကောင်လေးကို Gemini တစ်ယောက် အသည်းယားလို့မဆုံးတော့ပေ...

*ဘာဆေးစားလို့များ ဒီလောက်ချစ်စရာကောင်းနေရတာလဲ‌ကိုယ့်နေကြာ‌လေးရယ်.*

Gemini တစ်ယောက် ကမ်းပေးလာတဲ့ လက်ကလေးအား ပြန်ဆုပ်ကိုင်လိုက်တော့ သူ့အား ‌ဆွဲခေါ်ကာ အခန်း တစ်ခန်းဆီသို့ဦးတည် သွားပါတော့သည်...

..............

အခန်းရှေ့အရောက်တွင် ကပ်ထားသည့် နာမည် ဘုတ်ပြားလေးအား Gemini ပြုံးမိသည်။ သူ့ကလေးဟာ တစ်ကယ်ကို ကလေးဆန်သည်ပင် Tom and Jerry stickers များဖြင့် အလှဆင်ထားသည့် ဘုတ်ပြားလေး၏အ‌ေပါ်တွင် "Fourth Nattawat room" ဟူသည့် စာတန်းကလေးက အလယ်မှာ ‌ထင်း၍နေလေသည်။

"လာလေ Gem ခေါင်မိုးမှာဘာကပ်လို့ကြည့်နေတာလဲ"

သူ့ရဲ့ နာမည်လေးကို မြတ်နိုးလွန်းလို့ကြည့်နေတဲ့ ကျတော့်ကို ခေါင်မိုးပေါ်မော့ကြည့်နေတယ် ထင်ပြီး ပြောနေတဲ့ အဲ့ကလေးကို စိတ်ရှိလက်ရှိ သာ လုပ်ပစ်ချင်စိတ်တွေပေါက်လာတော့တယ်...လုပ်လဲမလုပ်ရဲ့ တော်ကြာ မရရအောင်ရှာကြံထားရတဲ့ friend ship လေးပါပျက်သွားမှ ဟုတ်ပေ့ ဖြစ်နေမယ်

A friend who is not a friend༆Where stories live. Discover now