ကားပေါ်ကဆင်းတော့ သူတို့တွေလမ်းခွဲကာ အိမ်ပြန်ခဲ့ကြသည်.... Gemini နဲ့ Fourth မှာဘာမှမဖြစ်သလိုပင် အိမ်ပြန်သွားကြသော်လဲ winynny နဲ့ satang မှာတော့ ခေါင်းခဲစရာကိစ္စကတန်းတန်းမတ်မတ်ရောက်လို့လာတာကြောင့် စိတ်နဲ့လူမကပ်ကြပေ Winynny မှာလဲ ဒီကနေ့သူ့အိမ်သူပြန်ရမည်ဖြစ်တာကြောင့် satang တစ်ယောက်ထဲသာတိုက်ခန်းကိုပြန်ရမည်ဖြစ်သည်...ထိုအထဲတွင် satang ကအဆိုးဆုံးဖြစ်မည်ထင်သည်....ခုနကကားပေါ်တွင် Winynny အဖေဖြစ်သူမှ သူတို့ပြန်ရောက်ပြီဟုဆိုကာ ဖုန်းဆက်လာတာကြောင့် winynny ချက်ချင်းပင်မျက်နှာပျက်သည်ထက်ပျက်လာတာကိုမြင်တွေ့လိုက်ရသည့် သူ့အဖို့ စိတ်ပူစိတ် စိုးရိမ်စိတ်တွေက အလူံးအရင်းပင် ဝင်ရောက်လာသည်....အဲ့ထက်ဆိုးသည်မှာ ဤကိစ္စအား သူ့အဖေသိသွားမည်ကိုပင်... နဂိုတည်းမှသူ့အားသူငယ်ချင်းဖြစ်သူ၏ သမီးနှင့် စေ့စပ်ဖို့ရာပြောနေတာကြောင့် အတင်းငြင်းထားရသည်ကို ဒီကိစ္စသာ သူ့အဖေနားထဲ ရောက်သွားခဲ့မည်ဆိုလျှင် သူအသက်မပြည့်ခင် မိန်းမတန်းရသွားနိုင်သည့်သဘောမျိုး......
"ဟူး ရင်ထဲမကောင်းလိုက်တာ"
ခပ်တိုးတိုးရေရွတ်ကာ မှတ်တိုင်မှ တိုက်ခန်းဆီသို့လမ်းလျှောက်လာခဲ့သည်..သူ့စိတ်သည် ယနေ့မှဘာဖြစ်နေသည်မသိ သူတိုက်ခန်းနားရောက်လေလေ စိတ်ကပို၍ပင်လေးလံလာလေလေ ဖြစ်နေသည့်အတွက်ကြောင့် သူတိုက်ခန်းသူသွားဖို့တောင် တွန့်ဆုတ်နေမိသည်..ဟိုလိုလိုဒီလိုလိုနှင့် တိုက်ခန်းရှေ့ရောက်သွားတော့ အနက်ရောင် အင်္ကျီနဲ့ လူတစ်ချိူ့ကိုတွေ့လိုက်ရသည်။ သူ့ကိုမြင်တော့ပြေးလာကြကာ...
"သခင်လေး သခင်ကြီးကခေါ်ခိုင်းလိုက်လို့ပါ"
"ငါ့ဘဝတော့ဆုံးပြီထင်တယ်"
ပြောပြီးပြီးချင်းပင် သူ့မျက်နာပေါ်သို့ အဝတ်စတစ်ခုအုပ်ကျလာကာ ခဏအတွင်းမှာပင် သူလောကကြီးနဲ့အဆက်အသွယ် ပြတ်သွားခဲ့တော့သည်........
π
Winynny အိမ်သို့ ပြန်နေသည်ဆိုသော်လဲ စိတ်ကတော့ လူဆီမှာမရှိပေ..အိမ်ရှေ့ရောက်သည်ထိတိုင်အောင် သူခမျာ အသိစိတ်မကပ်.."သားလေး လာလေကွယ်"
သူ့အမေ၏ခေါ်သံကြားလေတော့မှ အိမ်ထဲဝင်လာခဲ့သည်။ အိမ်ထဲတွင် မိန့်မိန့်ကြီးထိုင်နေသော အဖေဖြစ်သူကိုတွေ့လိုက်ရသည့်တစ်ခဏ သူတော်တော်သွေးပျက်သွားသည်။
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth