4✨

1.5K 206 0
                                    

>>>>>>satangwinny

Busကားပေါ်တွင်ထိုင်ရင်း ပါးစပ်ကလဲပွစိပွစိပြောနေသည့် winynny ကြောင့် satangပုံဆွဲရတာအာရုံ‌ေနာက်သဖြင့်မျက်မှောင်ကြုံ့ကာ

"ဟေ့ကောင် ဘာတွေပြောနေတာလဲ ပွစိပွစိနဲ့"

"အမ် ငါမေးတာလား"

သူ့ဘေးမှာထိုင်ပြီး ပြန်မေးနေသည့် winynny အား စိတ်ပေါက်ပေါက်နှင့်

"ငါ့ဘေးမှာ ဘယ်ခွေးရှိသေးလို့လဲ!"

"မင်းကလဲကွာ ငါမသိလို့မေးတာကို.."

အမြဲဒေါသထွက်တတ်တဲ့ကောင်လေးက ခုသူအော်လိုက်တော့ ထိုကောင်လေးမှာ သူမဟုတ်သလို မျက်နှာလေးငယ်ကျသွားလေတော့ satang တစ်ယောက် စိတ်နည်း"ပျော့သွားရသည် ထို့ကြောင့် လေသံလေး နည်း"လျော့ကာ

"ဘာဖြစ်လို့လဲ ကိစ္စတစ်ခုခုရှိလို့လား ငါ့ကိုပြောလို့ရတယ်‌လေ"

"အမှန်တော့လေ ငါ..."

"အေးဘာဖြစ်တာလဲ ပြော"

Winynny တစ်ယောက်ပြောဖို့တွန့်ဆုတ်နေတာကြောင့် satang တစ်ယောက်ဘယ်ကမှန်းမသိစိုးရိမ်စိတ်တွေအလုံးအရင်းနဲ့ဝင်လာတော့သည်

Winynny ရဲ့ပုခုံးနှစ်ဖက်အား ကိုင်ကာ

"ဘာဖြစ်တာလဲပြောလေ Winynny ငါ့ကိုပြော"

"ငါအိမ်မှာမနေချင်ဘူး"

စောစောကဘဲဘတ်စ်ကားမှတ်တိုင်မှာ သူ့အိမ်လိုက်ခဲ့ပါလား သရဲ‌ေကြာက်လို့ဆိုတဲ့သူက အိမ်မှာမနေချင်ဘူးဆိုတော့ satang ကြောင်ရပြန်သည်

"ဟမ် ဘာဖြစ်လို့လဲ?"

"ငါမင်းတိုက်ခန်းမှာခနနေလို့ရလား satang"

"ရတယ်လေကွာ ရတာပေါ့ မင်းလာချင်တဲ့အချိန်လာ ဟုတ်ပြီလား"

*အခန်းရောက်မှသာအေးဆေးမေးတော့မယ်*

"ကျေးဇူးပါကွာ မင်းကတစ်ကယ်သူငယ်ချင်းကောင်းဘဲ"

Winynny တစ်ယောက် ပြုံးပြလိုက်တော့ satang၏ရင်ထဲတွင် အမည်မသိ သောလှိုင်းလေးတစ်ခုကဖြတ်သန်း သွားသည် ထိုအပြုံးလေးကြောင့် သူရင်ခုန်မြန်လာသည် ထပ်ကြည့်ရင် နှလုံးကထပေါက် တော့မည်ဖြစ်တာကြောင့် သူအကြည့်လွှဲလိုက်ရသည် မဟုတ်ရင်သူတစ်ကယ်မေ့လဲသွားနိုင်သည်

A friend who is not a friend༆Where stories live. Discover now