1✨

4K 311 8
                                    

sawati ka ကျတော်က Gemini ပါ အထက်တန်းကျောင်းသားတစ်‌ေယာက်ပေါ့ ကျနော်က အပေါင်းအသင်းနည်းတယ်ဗျ ဒါပေမဲ့ ကျတော့်မှာ ဘယ်ရောက်ရောက် ဘာဖြစ်ဖြစ် အမြဲပါလေ့ရှိတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ပထမတစ်ယောက်က satang သူကတော့ဗျာ ခပ်ချေချေနေတတ်တဲ့အကျင့်စရိုက်ရှိပေမဲ့ တကယ်တန်းသဘောထားလေးကသိပ်လှတဲ့ဗျ ပန်းချိဆရာဆိုလဲဟုတ်တယ် ဒုတိယ တစ်ယောက်က winynny သူကတော့ အမြဲ ဒေါသထွက်နေတတ်‌တဲ့သူပေါ့ ဘာဖြစ်"သူစိတ်တိုင်းကျတာ ရှားတယ် အဲ့လိုပေမဲ့ သူလဲ satang လိုဘဲ စိတ်ထားကောင်းတယ်ဖော်ရွေတယ်ဗျ နောက်ဆုံးတစ်ယောက်ကတော့ Fourth ဒီတစ်ယောက်ကတော့ ကျတော် ကြိတ်ချစ်မိနေတဲ့ တစ်ယောက်ပေါ့ သိပ်လှတဲ့မျက်လုံးလေးတွေရှိတယ် ပြေးနမ်းပစ်ချင်စရာ နှုတ်ခမ်းလေးတွေ ကိုက်ပစ်ချင်စရာ ပါးဖောင်း"လေးတွေနဲ့ ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ကျတော့်ရဲ့ချစ်စရာလေးပေါ့ဗျာ ဗိုလ်ကျရတာသိပ်ကြိုက်တဲ့ကောင်လေးမို့ ကျတော်တို့ကဘဲအလျော့ပေးရတာများတယ် အထူးသဖြင့်ကျတော်ပေါ့ သူကကျတော့်ဆိုရင်သိပ်ဆိုးတာဗျ အသက်က လပိုင်းလောက်ကွာတယ်ဆိုပေမဲ့ သူနဲ့ကျတော်ယှဉ်ရင်သူက သေးသေးသွားတာဗျ အဲ အဲ့တာတင်မဟုတ်သေးဘူး ကျတော့်ချစ်စရာလေးက မဟုတ်မခံလေးဗျ မဟုတ်ရင် အသည်းအသန်ရန်ပြန်တွေ့တတ်တဲ့စွာတေးလန်လေးပေါ့ဗျာ ဟောပြောရင်းရောက်လာကြပြီ '

"ဟေး Gemini ဘယ်လိုလဲ ဘာတွေ တွေးနေလို့ငါတို့ခေါ်တာတောင်မကြားရတာ"

ရောက်ရောက်လာချင်း လွတ်ရာခုံတွင်အရင်ဦးထိုင်ကာ မေးလာလေတဲ့ winynny

"မဟုတ်ပါဘူးကွာ ဒီတိုင်းဟိုတွေးဒီတွေး"

Satang ကတော့စကားနည်းသူမို့ သိပ်မပြော ဝင်ထိုင်ပြီး သူဆွဲလက်စပုံကိုသာဆက်ဆွဲနေလေရဲ့

"ဒါနဲ့ fourth ရော မပါဘူးလား"

နှစ်ယောက်ကရောက်လာပေမဲ့ fourth ကိုမတွေ့တာကြောင့် Gemini စိုးရိမ်စိတ်နဲ့ အလောတကြီးမေးလိုက်မိသည်

"ဖြည်းဖြည်းမေးပါဟ ဟိုက နိုင်ငံခြားထွက်သွားတာကျလို့ ဒီနားလုပ်စရာရှိလို့တဲ့ထွက်သွားတယ် "

ထုံးစံတိုင်းဒေါသအိုးပီပီ ပြောပီးမှဖြေတဲ့ winynny

"နေပါအုန်း မင်းကဘာဖြစ်နေတာလဲ Gemini ဂနာမငြိမ်နဲ့"

A friend who is not a friend༆Where stories live. Discover now