Fourth တစ်ယောက် ကြောက်လန့်တကြားဖြင့် ကုတင်ပေါ် ရှိစောင်အားဆွဲယူကာ ခေါင်းထိကိုဆွဲခြုံလိုက်သည်..
Fourth ဖြစ်နေသောအခြေအနေကိုကြည့်ကာ Gemini တစ်ယောက်အပြုံးကြီးပြုံးနေလေတော့သည်.."ဘာဖြစ်သွားတာလဲ..လာလေ ဆေးသောက်မယ်"
"ဟင့်အင်း!"
စောင်ထဲတွင်ပုန်း၍အဆုံးထိကိုငြင်းနေသော ကောင်ဆိုးလေးအား သူဒီတိုင်းထားရွေ့မဖြစ်တော့ပေ... ထိုကောင်လေးရဲ့အပေါ်မှ အုပ်မိုးကာ ဖုံးထားသောစောင်လေးအား အသာလေးဆွဲခွာလိုက်လေတော့ ပေါ်လာသည့်မျက်နှာနီနီရဲရဲလေးနှင့် ပန်းရောင်နှုတ်ခမ်းသားလေးဟာ ပိတ်နမ်းပစ်ချင်စရာအတိ...စိတ်ကိုမနည်းငြိမ်အောင်ထားကာ
"မင်းအကယ်၍ထမသောက်ဘူးဆိုရင် ငါမင်းကိုတကယ် နမ်းတော့မှာနော် Fourth...."
"အဟင့် ငါငိုမှာနော်..!"
"ငိုရင်ပိုနမ်းမှာ!"
ပြောလေဆိုးလေဖြစ်လာသော Gemini ကြောင့် Fourth တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ... မတတ်သာသည့်အဆုံး...
"အေးအေးအေး သောက်မယ် သောက်မယ် ရပြီလား ဖယ်တော့!"
*ရွှတ်
"အား!!! Gemini!!!!"
Gemini မနေသာတော့...နမ်းချင်သည့်နှုတ်ခမ်းလေးအားမနမ်းရသည့်အတူတူ...ပါးဖောင်းဖောင်းလေးကိုသာ ဖိကပ်နမ်းလိုက်လေတော့ အော်သံစူးစူးဟာ Gemini နားထဲသို့ စူးကနဲဝင်ရောက်လာကာ သူ့ကို အားကုန်တွန်းထုတ်လာလေတော့သည်..
"ဆေးသောက်မယ်ပြောထားတယ်လေ ဘာလို့ လာနမ်းတာလဲ"
"အသည်းယားလို့"
ထိုသို့ပြောလျက်ထိုကောင်လေးအပေါ်အုပ်ထားရာမှ ထထိုင်ကာ စားပွဲပေါ်ရှိလင်ဗန်းထဲ၌ ဆေးကိုယူလိုက်သည်..
"ထ ဆေးသောက်မယ် "
သူပြောသည့်အတိုင်း လိမ်လိမ်မာမာပင် ထထိုင်လာသည်...အရှက်ကတော့မပြေသေးဟန်တူသည်...ပါးလေးနှစ်ဖက်ဟာနီရဲလျက် နှုတ်ခမ်းလေးကိုလဲ ကိုက်ထားသေးသည်..
*ဘယ်လိုတောင်လဲ နေကြာလေးရယ်*
Geminiတစ်ယောက် Fourth ကိုအကြာကြီးငေးကြည့်နေမိသည်...အဲ့တာက အရှက်သည်းနေသော Fourth အတွက် ပိုလို့ပင်ဆိုးလာသေးသည်.. ရှက်ရှက်ဖြင့်
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth