>>>>>>>>>>>>>Night time
Promတို့ ညီအကိုနှစ်ယောက်အား Aunတို့လိုက်ပို့ကာပြန်သွားခဲ့ကြသည်....
နှစ်ယောက်သားခြံထဲဝင်လာရာမှ အိမ်တံခါးရှေ့ရောက်တော့ Fourth တစ်ယောက်သူ့အကိုအား လှမ်းတားလိုက်သည်...."P'သား မဝင်ချင်သေးဘူး"
"ဘာလို့လဲ ကြွက်စုတ်ရဲ့ "
"Maeသားကိုဆူရင်ဘယ်လိုလုပ်မလဲဟင်"
သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ကာမေးလာသောညီဖြစ်သူကိုကြည့်ရင်း
"P'ကိုယုံတယ်မဟုတ်လား p'ရှိတယ် လာ"
ထို့နောက်နှစ်ယောက်သားအိမ်ထဲသို့အားတင်းကာဝင်သွားကြပါတော့သည်...
ရောက်ရောက်ချင်းပင်တွေ့လိုက်ရသောအိမ်ကမိသားစုဝင်များနှင့် Gemini ၏မိသားစုဝင်များကြောင့် Prom နောက်တောင်ပြန်ယိုင်သွားသည်... Fourth ခမျာတော့ ကြောင်လျက်...
"သားငယ် လာစမ်းကွယ် Maeဆီကို"
Mae Lin ထကာ Fourth အား လှမ်းဆွဲလိုက်သည်။ promမှာတော့ ရပ်နေဆဲ...
"သားလေး လာလေ ဘာရပ်လုပ်နေတာလဲ"
Papaမှလှမ်းခေါ်လေတော့promခမျာအူကြောင်ကြောင်ရုပ်ကလေးနှင့်လာရှာပါသည်။
"ဟို Mommy တို့ကဘာလို့ရောက်နေကြတာလဲဟင်"
Fourth တစ်ကယ်နားမလည်နိုင်သောကြောင့်မေးလိုက်သည်။
"ဒီက မေ့သားငယ်လေးကို လာတောင်းတာလေ"
"ဗျာ!"
မျက်လုံးပြူးမျက်စံပြူးဖြင့်မေးလာသောသားဖြစ်သူအား Papaမှ
"သားငယ် အခန်းထဲဝင်သွားလိုက်လေ ဒါဆိုသိလိမ့်မယ်"
Fourth အားလုံးကို မျက်လုံးဖြင့်ဝေ့ဝိုက်ကြည့်မိသည်...သူ့လိုအံ့ဩနေသည့် သူ့အကိုprom တစ်ယောက်ကလွဲလျှင်ကျန်သူများမှာ ပြုံးတုံးတုံးဖြင့်သာ...သိချင်တာကြောင့် papaပြောသည့်အတိုင်းပင် အိပ်ခန်းကိုသာတက်သွားရန်ဆုံးဖြတ်လိုက်တော့သည်။
Fourth တက်သွားလေတော့မှ မီးဖိုခန်းထဲမှကိတ်မုန့်ကြီးကိုင်ကာထွက်လာသော Ford
"မွေးနေ့မှာပျော်ရွှင်ပါစေ ချစ်ရတဲ့ညီလေးရေ"
Promပျော်လွန်းတာကြောင့်မျက်ရည်ပါကျမိသည်။ သူတစ်ခါမှ ဒီလိုမျိုး မကျင်းပခဲ့ဘူးပါ...ရုတ်တရက်သူ့အမေမှာလာဖက်တာကြောင့်ပို၍ပင်ပျော်ရသည်လေ...မျက်ရည်များဖြင့်သာ အမေဖြစ်သူအားပြန်လည်ဖက်တွယ်ရင်း...
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth