သူတို့အားလုံး canteen ကိုရောက်လာကြသည်... ထူးဆန်းသည်မှာ လာသည့်လမ်းတစ်လျှောက်တွင် သူတို့အား လူများက ပြုံးပြုံး ပြုံးပြုံးနှင့် ကွက်ကြည့် ကွက်ကြည့်သွားကြသည်။ ဒါကို သူတို့အားလုံးကြောင်တောင်တောင် ဘာကိစ္စကြည့်တာလဲလို့ သွားမေးရအောင်လဲ ကြည့်သည်မှာ တစ်ယောက်တစ်လေ မဟုတ် ကျောင်း၏တစ်ဝက်လောက်က ကြည့်သွားကြသည်လေ....
ထိုင်နေကြနေရာတွင်အသီးသီးဝင်ထိုင်ကာ Winynny မှစကားစလာပါတော့သည်။
"ဒီမှာ မင်းတို့တွေ ထူးဆန်းတယ်မထင်ဘူးလား အားလုံးကငါတို့ကိုဘဲကြည့်သွားကြတာလေ"
Winynny စကားအားထောက်ခံသည့်သဘောဖြင့် Fourth မှ
"ဟုတ်တယ် ငါ့ဖြင့် ကြက်သီးတောင်ထတယ်"
ထိုစဉ် satang ဖုန်းထဲမှတစ်ခုခုကိုတွေ့သွားဟန်တူသည်..
"ဟျောင့်တွေ ဒီမှာကြည့်ကြစမ်း!"
Satang ပြလာသည့် ပုံနဲ့ရေးထားသည့်စာသားကြောင့် အကုန်လုံးလန့်ဖြန့်သွားတော့သည်...
Gemini နဲ့ Fourth က သိပ်လိုက်ဖက်တာဘဲနော် ငါ fan page ထောင်တော့မယ် အိုက်စ်!
ထိုပုံမှာ မနေ့က Gemini နဲ့ Fourth တို့ကျောင်းဆင်းခါနီး မုန့်စားဖို့ဆိုင်ရွေးကြရာကနေ FourthမှာGeminiရွေးသည့်ဆိုင်များအားမကြိုက်ကြောင်းနှင့် သူစားချင်တာ ရေခဲမုန့်ဖြစ်ကြောင်း Gemini အားပြန်စွာနေသည့်ပုံကို အမိအရရိုက်ထားခြင်းပင်..
"ဘယ်လိုတွေတောင်..."
ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသော satangwinny နှင့် ရှက်ကာ ဘာပြောရမှန်းမသိဖြစ်နေသော Fourth Gemini မှာလဲ ကြောင်တိကြောင်တောင်..
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth