"ငါမင်းကိုမုန်းတယ်!!!! Ai Gam"
ကျလုဆဲဆဲမျက်ရည်ကိုထိန်းကာ အံကြိတ်သံဖြင့်ပြောလာသော ရှေ့မှကောင်လေးအား မျက်နှာသေဖြင့်ကြည့်ကာ...
"ငါလည်းမင်းကိုမချစ်ခဲ့ဘူး.စိတ်လည်းမဝင်စားဘူး...ဒီတိုင်းအပျော်ဘဲ..!Fot"
"လူစိတ်မရှိတဲ့မင်းနဲ့ရှေ့ဆက်ဖို့ အကြောင်းမရှိဘူး..!ငါတို့ဇာတ်လမ်းကိုဒီမှာတင်ရပ်တန်းကရပ်ပစ်ရအောင်..."
"ပြောမလို့ဘဲ ဒါဆိုငါတို့ထပ်မတွေ့ဘဲနေရအောင်...မင်းနဲ့ငါ ဒီမှာတင်ပြတ်ပြီမှတ်လိုက်ပါ..!"
ပြောကာလှည့်ထွက်သွားသောသူ...နောက်မှကျန်ခဲ့သည့်ကောင်လေးမှာ မျက်ရည်များ စီးကျလျက်ထိုင်ချလိုက်မိပါတော့ပါသည်...
"ကဒ်! အရမ်းတော်တယ် ကလေးတို့"
ခံစားချက်အပြည့်နဲ့သရုပ်ဆောင်နေစဉ် ဒါရိုက်တာကြီး၏အော်သံကြောင့် fourth မျက်ရည်များဆွဲသုတ်ကာ ထလိုက်သည်..မကြာပါ ထွက်သွားသည့် Gemini ဟာလည်း ပြန်ပြေးလာကာ သူ့အားပြေးဖက်လေသည်..!
"ဘယ်လိုဖြစ်နေတာလဲ Gem လူတွေအများကြီးနော်!"
ဖားလိုကပ်နေသော ချစ်ရသူအားခန္ဓာကိုယ်မှဆွဲခွာလိုက်ကာ ပြောလိုက်လေတော့ သူအရမ်းစွဲလန်းခဲ့ရသော အပြုံးတစ်ခုအားပြုံးပြလာသည့် ထိုလူ....
"ငါ့နေကြာလေး ပင်ပန်းသွားရပြီ ငိုရတာ..."
ပြောရင်းပင်ထိုလူ၏လက်ဟာသူ့ပါးပြင်ပေါ်သို့ကျရောက်လာပြီး မျကိရည်များကိုသုတ်ပေးလေသည်..
"အမလေးကွာ ဒီလောက်ငါလည်းလုပ်နိုင်ပါတယ်...!"
ရိုက်ကွင်းပြီးပြီဆိုတာနှင့် အမြဲပူးတွဲနေသော ကောင်လေးနှစ်ယောက်အား ဒါရိုက်တာတို့တစ်ဖွဲ့မှာလဲ အားကျမှုပေါင်းတစ်သိန်းနှင့်သာပြုံးပြုံးကြီး ကြည့်နေကြရုံမှတစ်ပါး အခြားမရှိ ဖြစ်ရသည်လေ...Fanများမှာလည်း အသည်းတယားယားနှင့်ကြည့်နေကြရသည်....ရိုက်နေရသည်မှာ sad ending ဖြစ်သော်လည်း သူတို့ကြည့်နေရသည်မှာ ပျားရည်ထက်တောင်ချိုလို့နေသည့် relationship ကိုသာ...
"အဟွန်း တော်တော်ကပ်ကပ် အတွဲ "
Satang ချောင်းဟန့်ကာ ရှေ့မှဖြစ်ပျက်နေသော နှစ်ယောက်အား ပြောလိုက်တော့ fourth ထံမှနဂါးမျက်စောင်းလေးရလိုက်သလိုGeminiထံမှလည်း လက်သီးလက်မောင်းတန်းခြင်းကိုရလိုက်လေတော့သည်...
ထို့ကြောင့်ပင် စိတ်လျော့ကာ'မနိုင်ဘူး'ဟူသောအကြည့်နှင့်ကြည့်လျက် သူ့နှလုံးသားပိုင်ရှင်လေးရှိရာဆီသို့လျှောက်လှမ်းလာခဲ့ပါတော့သည်....
"လာနေကြာငယ် ကိုယ်တို့ထမင်းသွားစားရအောင်..."
သူ့စတိုင်အတိုင်း ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ကာ ကျန်တစ်ဖက်နှင့် ကောင်ဆိုးလေးအား ဆွဲခေါ်သွားသည်...ထိုမြင်ကွင်းကြောင့် Fan များ၏အော်သံဟာ ပန်းခြံတစ်ခုလုံး ဟိန်းထွက်သွားတော့သည်...
.....................
ထမင်းစားနေရင်း winynny တစ်ယောက်အတွေးဟာနယ်ချဲ့လို့နေသည်....အရမ်းခင်မင်လို့ရယ်လားဘာရယ်လားတော့မသိပေ သူတို့စိတ်ဟာလေးကိုယ်တစ်စိတ်လို့ပြောရမလိုပင်...သူတို့အိမ်မက်ဟာဘာလည်းဟု တိုင်ပင်ခဲ့တုန်းကထွက်လာသည့်အဖြေဟာ သရုပ်ဆောင် ဟုသောအဖြေတစ်ခုတည်းသာ...တစ်ကယ်တန်းသရုပ်ဆောင်ဝင်လုပ်ကြသည်ဆိုသော်လည်း မတိုင်ပင်ပါဘဲ လေးယောက်သားဝင်ခဲ့မိသည့် company ဟာ တစ်ခုတည်းပင်...တိုက်ဆိုင်မှုဟာတော်တော်လေးကို များနေတာကြောင့် တစ်ယောက်နှင့်တစ်ယောက်ပင်သံသယဝင်ခဲ့မိကြပါသေးသည်...ခုတော့လည်း သူတို့ဟာ တစ်နေရာတည်း ဇာတ်ကားတစ်ကားတည်း မှာ အတူတူပါဝင်သရုပ်ဆောင်နေကြရသည်ဘဲလေ...ဘာဘဲပြောပြော ပျော်စရာအမှတ်တရတွေတော့အများကြီးရခဲ့ပါရဲ့.....
"Win စားလေ မင်းဘာဖြစ်နေတာလည်း နေရောကောင်းရဲ့လား.."
ထမင်းစားနေရင်းနဲ့ပင် ဇွန်းကိုချကာကိုယ်ပူလာစမ်းသော satang အား ပြုံးပြလျက်...
"ငါအတွေးလွန်သွားလို့ပါ စားရအောင်"
"ပြီးတာဘဲ တစ်ခုခုဖြစ်ရင်ပြောနော် "
"အင်းပါ ငါကလေးမဟုတ်ပါဘူးနော်"
"အိုးဟိုး ငါတို့ကျပြောပြီး သူကျပိုဆိုးနေပါရော ရေခဲတုံးရေ"
Fourth ထပြောတော့ satang ရှက်ရမ်းရမ်းကာ ထအော်ပါတော့သည်..
"ငါက Gemini လို ဖားကြီးမဟုတ်ဘူးဟေ့ ငါ့ကလေးလေးကိုစိတ်ပူလို့မေးတာသိလား!"
"ငါ့ဟာငါဖားဖြစ်ဖြစ် ဘာဖြစ်ဖြစ်မင်းအပူလား သောက်ရေခဲတုံးကောင်ရဲ့!!!"
အဖွဲ့သားတွေရဲ့ရယ်သံတွေ ကောင်လေးတွေရဲ့ရန်ဖြစ်သံတွေဟာ ရိုက်ကွင်းတစ်ခုလုံးဖုံးအုပ်သွားခဲ့ပါတော့သည်...
_______________
ကျတော်ကြိုးစားထားပါတယ် တောင်းဆိုထားတဲ့အတွက်မနည်း ဆင်းစားပြီးရေးခဲ့ရတာပါ 🗿🗿
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth