12✨

1.1K 120 0
                                    

>>>>>>>> Night time

"ဟေး ဒါဆိုငါတို့သွားပြီနော် အဆင်ပြေပါစေ promရေ Aun မင်းသူ့ကိုအထဲသေချာလိုက်ပို့ ကြားလား ဟျောင့်! "

ကားပေါ်တွင်မူးမူးရူးရူးဖြင့် စကားတောင် လေးလုံးကွဲအောင်မပြောနိုင်သော်လဲ သူ့သူငယ်ချင်းအတွက် မှာတမ်းခြွေသွားသော captain အားကြည့်ရင်း Aun Napat တစ်ယောက် ခေါင်းသာ ငြိမ့်ပြမိတော့သည်။ ထို့နောက် တွဲခေါ်လာသော ဘေးနားက မူး၍သတိတောင်မကပ်နိုင်တော့သည့် prom အားကြည့်ရင်း..

"ခုဘဲခင်တယ် ခုဘဲပြဿနာ လိုက်ရှင်းနေရပြီ ခင်များရေ.."

Flash back>>>>>

သူတို့အုပ်စု အသဲကွဲလာတဲ့ကြေကွဲလူငယ်များလို့ဆိုကာ coffee ဆိုင်မှ bar ဆီသို့ ရောက်သွားကြသည် ထိုနေရာမျိုးကိုလူငယ်သဘာဝအရလာဖူးသည်ဆိုသော်လဲ Aunတစ်‌ေယာက်သဘောမကျ သူငယ်ချင်းအသစ်တွေ ကောင်မလေး လှလှလေးများနှင့်ပျော်ပါးနေ‌ပေမဲ့လဲ သူ့ဘေးတွင်အဆက်မပြတ် ထိုင်သောက်နေသည့် Prom အား ကြည့်ရင်း

"Prom ခင်များမူးပြီး အိမ်မပြန်နိုင်ဖြစ်မယ် တော်ရုံသောက်ပါဗျ"

စိတ်ပူလို့ပြောလိုက်သည် ဆိုသော်လဲ ပြန်လာသည့် စကားဟာ ဂျစ်ကန်ကန်..

"မပြန်နိုင်လဲရတယ် ငွာကလေ ဘ်မှာအိပ်ရ အိပရ် အိပ်ပျော်တယ် သက်လား"

မူးနေတာကြောင့် ထင်သည် စကားကိုသေချာပင်‌မ‌ေပြာနိုင် ပါးနှစ်ဖက်ဟာ နီရဲနေလေသည်။Aun တစ်ယောက် prom ကို သေသေချာချာစိုက်ကြည့်နေသည်...ခနကြာတော့ promရဲ့အကြည့်တွေက Aun Napat ‌ဆီတည့်တည့်မတ်မတ်ကြီးရောက်ချလာခဲ့သည်..Aunတစ်ယောက် ပြာယာခက်သွားရသည် မသိရင်သူခိုးလူမိ သည့်ပုံစံမျိုးပင်.နောက်မှ ဝင်လာသည့်အတွေးက

*အော် သူမူးနေတာဘဲ* ဟုသာ..

Flash back end>>>>>>>

မူးနေသည့်promအား သူ့အိမ်ထဲသို့ခေါ်သွင်းရတော့သည်။ ဒါတောင် ကမူးရှူးထိုးဖြင့် ထပ်သောက်မယ် ဆိုပြီး ဟိုယမ်းဒီယမ်းလုပ်နေသော လက်တွေကြောင့် ခန္ဓာကိုယ်ကို ထိန်းထားရင်းဖြင့်ပင် သူ့လက်တွေအား လိုက်ဖမ်းရသေးသည်...အသံကတော်တော်ကျယ်လို့ထင်သည် အိမ်ထဲမှ သူတို့ထက်ကြီးပုံပေါ်သည့် အကိုတစ်ယောက် ထွက်လာသည် သူ ဒီအကိုလမ်းလျှောက်ပုံ ကိုတော်တော်လးရင်းနှီးနေသလိုခံစားရတာကြောင့် မျက်မှောင်ကြုတ်ကာ အာရုံစိုက်ကြည့်မိသည်..သူတို့အနားရောက်လာတော့မှ သူသေချာမှတ်မိသွားသည်...

A friend who is not a friend༆Where stories live. Discover now