နေ့လယ်လောက်ရောက်တော့ fourth တစ်ယောက် နိုးလာသည်...နိုးနိုးချင်း ထထိုင်လိုက်တာကြောင့် ခေါင်းကမိုက်ခနဲဖြစ်သွားသည့်အတွက် နားထင်အား လက်ဖြင့်ဖိကာ အနည်းငယ်နှိပ်လိုက်သည်.. ထို့နောက်အခန်းပတ်လည်အား မျက်စိဝေ့ကာ Gemini ကို လိုက်ရှာမိသည်..မတွေ့
*မဟုတ်မှလွဲရော သူပြန်သွားတာတော့ မဟုတ်ဘူးမို့လား!*
"နိုးနေပြီလား Fourth"
ဗန်းလေးကိုင်ကာ ဝင်လာသည့် Geminiကြောင့် ခုနကဝင်နေသော အတွေးများဟာ ကြက်ပျောက်ငှက်ပျောက်...
"မင်းဘယ်သွားနေတာလဲ Gem"
"ဒီမှာလေ မင်းနိုးရင်စားဖို့ အဲ့တာငါMaeပြုတ်ထားပေးတဲ့ဆန်ပြုတ်လေးသွားနွှေးတာ"
"နေအုန်း မင်းဘယ်တုန်းက ငါ့Maeကို Maeလို့ခေါ်ရလောက်တဲ့အထိရင်းနှီးသွားရတာလဲ?"
"Maeက သူ့ကိုအန်တီလို့ခေါ်တာ မကြိုက်ဘူးတဲ့"
"အော် မင်းကိုဘဲကွက်ပြီးတော့လား?"
"ဟုတ်မှာပေါ့.."
ပိုင်ပိုင်နိုင်နိုင် အပြုံးမျိုးနှင့်ပြောလာသည့် Gemini
"ကဲ နိုးပြီဆိုတော့ဒါလေးစားလိုက် ပြီးရင်ဆေးသောက်မယ်"
ဗန်းအား ခုံပေါ်သို့တင်ကာ ဆန်ပြုတ်ပန်းကန်ယူလျက်သူ့နားဝင်ထိုင်ပြီးနောက် တစ်ဇွန်းခပ်ကာ သူ့ပါးစပ်နား တေ့ပေးလေသည်..
"ဟင့်အင်း မစားချင်ဘူး"
"စားလိုက်ပါ ဒါစားမှ ဆေးသောက်လို့ရမယ် ဆေးသောက်မှမင်းမြန်မြန်ကောင်းမှာပေါ့"
Fourth မျက်စောင်းထိုးလိုက်သည်..
"ဒါသောက်ရင်ငါဘာပြန်ရမှာလဲ.."
"မင်းကြိုက်တာတောင်း ငါအကုန်ဝယ်ပေးမယ်မင်းလိုချင်တာသာပြောလိုက်"
ဒါလည်း Fourth အံ့ဩမနေတော့ပါ Gemini ဆိုတဲ့လူသားဟာ သူ့ထက်အဆပေါင်းများစွာချမ်းသာသလို သူလိုချင်တာဆိုရင်လဲ ခုထိကိုပင် မညီးမညူဘဲ လုပ်ပေးခဲ့တဲ့သူမဟုတ်ပါလား....ပိုက်ဆံနဲ့ဖြေရှင်းရတဲ့ ကိစ္စတင်မဟုတ်..လူကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်ပေးတာတွေရော...သူ့အတွက်ဆိုရန်ဖြစ်တာတွေပါရှိခဲ့သည်ဘဲလေ..
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth