>>>>>>>>Prom
Promတစ်ယောက် မနက်စာစားပြီး project ရှိသည်ဟုလိမ်ကာ ခပ်စောစောထွက်လာခဲ့သည် အမှန်ဆို ဘာမှမရှိ သူအိမ်မှာနေရတာမွန်းကြပ်သည်မို့ အပြင်ထွက်ဖို့ရာ ညာပြောခဲ့ခြင်းပင်...ဒါတောင်"အရေးမကြီးရင်မထွက်ပါနဲ့ ကျတော်နဲ့နေပါ"ဆိုပြီး ဂျီကျနေတဲ့ အမြဲလိုလိုအလိုလိုက်ခဲ့ရပါသောfourth ကိုတောင် အရမ်းအရေးကြီးလို့ပါဟုဆိုကာမုန့်ထုပ်တွေဝယ်ပေးခဲ့ပြီး Gemini လက်ထဲသူ့ညီအားအတင်းထိုးထည့်ပေးခဲ့ရသေးသည်မဟုတ်ပါလား..မုန့်စားမယ်ဟုဆိုကာ သူငယ်ချင်းတွေအား အရင်ဖုန်းလှမ်းဆက်သည်လည်း သူကသာ...
ခုလဲ ဆိုင်မှာထိုင်ရွေ့ ရောက်မလာသေးသည့် သူငယ်ချင်းတွေအား ကြိမ်ဆဲလျက်...
"ဒီတသက်လာဖို့ရာ အစီအစဉ်မှရှိကြရဲ့လားမသိပါဘူး!"
ပြောဆိုရင်း ဆိုင်အပြင်ဘက်ကို လှည့်ကြည့်မိတော့ ရယ်မောရင်း လာနေကြတဲ့ သူ့အပေါင်းအဖော်တွေကိုတွေ့လိုက်ရသည်ကြောင့် ပျော်သွားသော်လည်း သူတို့ဘေးတွင် ရယ်ရင်းပါလာသည့် ကောင်လေးတစ်ယောက်ကြောင့် သူစဉ်းစားခန်းဖွင့်နေရလေသည်။
*ဘယ်သူလဲ ငါမခေါ်မိပါဘူး အသက်ကတော့ငါနဲ့တူတူလောက်ဘဲထင်တယ် လူသစ်လား ဘယ်သူ့သူငယ်ချင်းတုန်း*
သူအတွေးနယ်ချဲ့နေမိစဉ် သူ့သူငယ်ချင်းထဲက captain ဆိုသည့်တစ်ယောက်မှ ခုံကိုထုချလိုက်တာကြောင့် သူလန့်ကာ ထအော်မိသည်။
"ဘာတွေတွေး ကိုလေးလုံး"
"မင်းဖေကိုသွားခေါ်ပါလား!"
မျက်လုံးကဘာမှမဖြစ်သော်လဲစတိုင်ဟုဆိုကာမျက်မှန်အားအမြဲလိုလိုတပ်ထားတတ်သည့်သူ့ကြောင့် သူ့သူငယ်ချင်းများမှ သူ့အား လေးလုံးလို့ခေါ်ကာ စနောက်ခြင်းပင်..
"ကဲပါ ငါကစတာကို အော် ဒါနဲ့ ငါတို့အဖွဲ့ထဲလူသစ်ရောက်တယ် လာလေ ထိုင် Aun"
captain က Aunကိုခေါ်လိုက်သည်။
Aunရောက်လာတော့ prom ဘေးတွင်ထိုင်နေသော Milkအမည်တွင်သော ကောင်မလေးမှ"Prom ဒါက Aunလေ မနက်ဖြန်ငါတို့မေဂျာကိုပြောင်းလာမှာ မနေ့ကမှ သိတာ"
YOU ARE READING
A friend who is not a friend༆
Fanficအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth