Fourth တစ်ယောက်ရေမိုးချိုးကာ ထွက်လာလေတော့ ခုတင်ပေါ်တွင်အဆင်သင့်ထုတ်ထားသည့်အဝတ်အစားတစ်စုံဟာရောက်လို့နေလေသည်.....ထုတ်ပေးထားခဲ့သည့်ပိုင်ရှင်ကိုတော့ရှာမတွေ့....
*နေပါအုန်း သူအဝတ်အစားကလွဲရင်ငါ့ဘီဒိုထဲကိုဘာမှမစပ်စုသွားဘူးမို့လား?*
"Fourth"
"အမေ့ရေ!!"
Gemini တစ်ယောက် Mae Lin ကိုခွင့်တောင်းပြီးနောက်အောက်ထပ်ကိုဆင်းကာ Papaကိုပါခွင့်သွားတောင်းခဲ့သည်...ခေါ်သွားမဲ့ကောင်ဆိုးလေးရဲ့အဖေဖြစ်သူလဲချန်ထားလို့တော့ဘယ်ရမလဲ ပြောရမှာပေါ့လေpapaဟာလဲနဂိုတည်းက သဘောကောင်းတဲ့သူမို့ ခွင့်ပြုသည်.....မိဘနှစ်ဦးအားခွင့်တောင်းကာ သူအပေါ်သို့တက်လာခဲ့သည်။
~
အခန်းတံခါးဖွင့်ဖွင့်ချင်းပင် ရေသီးလေးများတွဲခိုနေသော ကျောပြင်အားတွေ့လိုက်ရသည်..တစ်ခုခုစဉ်းစားနေဟန် တူတာကြောင့် အနီးနားသို့လျှောက်သွားလျက်ပုခုံးပေါ်လက်တင်ကာခေါ်လိုက်ခြင်း.."ငါသရဲမဟုတ်ပါဘူး ဘာလို့အဲ့လောက်လန့်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး....ဟိုငါအတွေးများနေလို့ပါ.."
"ဘာလဲ?ငါမင်းကိုအဝတ်အစားဘဲထုတ်ေပးတာကျန်တာမကြည့်ပါဘူး"
Fourth တစ်ယောက်တအံ့တဩမျက်နှာလေးဖြစိသွားသည်...
*ချီးဘဲ Gem မင်းငါ့အတွေးကိုတောင်သိနေတာဘဲ မင်းကစိတ်ကိုဖတ်နိုင်နဲ့နတ်ဆရာလားနော်?*
"ငါဘယ်လိုသိလဲမင်းတွေးနေတာမို့လား... ဒါမထူးဆန်းပါဘူး ငါလဲငါ့ပစ္စည်းကိုထိရင်အဲ့လိုဘဲ ဖြစ်တတ်တယ်လေ...."
"အော်.."
မျက်ခုံးလေးပင့်ပြကာ သူ့အားပြန်ကျောခိုင်းလျက် ခုတင်ပေါ်တင်ထားသည့်အဝတ်အားယူပြီးနောက် အဝတ်လဲခန်းထဲဝင်သွားလေသော ကောင်လေးအားကြည့်ရင်း...
*ငါမင်းကိုမြန်မြန်ပိုင်ဆိုင်ရရင်ကောင်းမယ် ဒီလိုတစ်နေ့တစ်ခြားဆက်ပြီးချစ်စရာကောင်းလာမယ်ဆိုရင် ငါသဝန်တိုလွန်ပြီးသေသွားလိမ့်မယ် နေကြာလေး!*
သူလဲ မနက်ထဲက ကျောင်းအင်္ကျီနဲ့မို့ နေရတာအဆင်မပြေ ရေချိုးပြန်တော့မယ်ဆိုကာ ဗီဒိုထဲခနဖွင့်ကြည့်လိုက်ပေမဲ့ကောင်လေးအင်္ကျီတွေက ပိစိလေးတွေ သူဝတ်ဖို့မပြောနှင့် ခေါင်းတောင်စွပ်ရရင်ကံကောင်းပေ.....အပြင်ခနထွက်ကာ ရေခပ်တော့p'prom ကဒါကိုသတိထားမိတယ်ထင်ရဲ့ သူ့ဖို့ဆိုပြီးအဝတ်အစားတစ်စုံဝယ်လာပေးခဲ့သည်လေ....အဲ့တာနဲ့ ကောင်လေးအဝတ်လဲနေတုန်း သူလဲရေချိုးဖို့ရေချိုးခန်းထဲဝင်သွားခဲ့တော့သည်.....
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth