>>>>>>>>The Next Morning
Gemini တစ်ယောက် Alarm မြည်လာတာကြောင့် ဖုန်းကိုယူကာကြည့်လိုက်သည်။
"အော် ကျောင်းတက်ရအုန်းမှာဘဲ"
Alarm ကိုပိတ်လျက် အိပ်နေရာမှထထိုင်ကာအကြောဆန့်လိုက်သည်.... ထို့နောက်မျက်လုံးများဟာ စားပွဲပေါ်တွင်တင်ထားသော ဓာတ်ပုံလေးထဲမှ သူ့ပုခုံးကိုဖက်ကာ ပျော်ရွှင်စွာရပ်နေသောကောင်ဆိုးလေးဆီသို့အကြည့်ရောက်သွားသည်...ဓာတ်ပုံလေးအားကောက်ကိုင်လျက်..
"ဟူး.!မတွေ့တာ ခဏဘဲရှိသေးတယ် သေမတတ်လွမ်းနေရပြီ နေကြာငယ်..."
ဓာတ်ပုံအားသူ့နေရာသူပြန်ထားလိုက်ကာ ရေချိုးဖို့ရန်အတွက်ရေချိုးခန်းထဲဝင်သွားလိုက်တော့သည်။
π
"ညီကြွက်စုတ်!!!!"အခန်းဝကပင်အော်ကာဝင်လာသော Prom အားခေါင်းတစ်ချက်ထောင်ကြည့်ကာ ပြန်အိပ်လိုက်သည်။ဒါကိုပင်ကျေနပ်ပုံမရ..ခုတင်ပေါ်သို့လာကာ သူ့အားကလိလာထိုးနေသော အကိုဖြစ်သူကြောင့် လူကဘယ်လိုမှဆက်အိပ်လို့မရတော့...
"အားဟားး ယားတယ် p' တော်ပြီ တော်ပါတော့ အားး"
ထိုမှသာ ကလိထိုးနေတာကိုရပ်ကာခေါင်းလေးကိုပုတ်လိုက်သည်။
"ထတော့ ကျောင်းသွားရမယ် ဒီနေ့ p'ford လိုက်ပို့မယ်တဲ့"
သူ့အားခေါင်းငြိမ့်ပြလျက်အိပ်ချင်မူးတူးဖြင့် ခုတင်ပေါ်မှထကာ ရေချိုးခန်းဝင်သွားသော ညီဖြစ်သူအားကြည့်ရင်း ခေါင်းခါလိုက်မိသည်။
"ဒါလား 17နှစ်ဆိုတာ? ငါ့မျက်လုံးထဲ ငါ့ညီက တစ်ကယ် ကလေးပေါက်စအတိုင်းဘဲ"
ပြောရင်းပင် ညီဖြစ်သူအတွက်အဝတ်အစား ထုတ်ပေးကာအခန်းထဲမှထွက်လာခဲ့တော့သည်..သူလဲ တက္ကသိုလ်တက်ရအုန်းမည်လေ..
•
P'ford လိုက်ပို့တာကြောင့်အကိုတွေနဲ့စကားတစ်ပြောပြောဖြင့်ပင် ကျောင်းသို့ရောက်လာခဲ့သည်..ကျောင်းထဲမဝင်ခင် အကိုနှစ်ယောက်၏ မှာတမ်းချွေစကားသံတွေကို နားထောင်နေရသည်မှာလဲတစ်လုပ်...အသက်က ၁၈ပင်ပြည့်တော့မည် သူတို့ခုထိ လူကိုခလေးလိုဆက်ဆံနေတုန်းပင်..အရင်က p'prom တစ်ယောက်နဲ့တင် ရူးချင်နေပါပြီဆိုကာမှ နောက်ထပ် p'ford ပါထပ်မံပါဝင်လာလေတော့ သူထိုင်သာငိုပစ်လိုက်ချင်တော့သည်..ထိုစဉ်
YOU ARE READING
A friend who is not a friend༆
Fiksi Penggemarအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth