11✨

1.2K 133 0
                                    

ညနေစောင်းပြီ....နေမင်းကြီးဟာလဲ ဝင်လုဝင်ခင်ဖြစ်နေလေသည်။အခန်းထဲတွင် ဟိုယိမ်းဒီယိမ်းနှင့်‌ဂိမ်းဆော့နေကြသည့် ကောင်လေး လေးယောက်ဟာတော့ ခုထိကိုပင် အခန်းထဲကမထွက်ပေ......ခနကြာတော့ ပျင်းလာပုံရသည့် fourth ဆီမှ အသံထွက်လာသည်။

"တော်လိုက်ရအောင်လေ အောက်မှာတစ်ခုခုသွားစားကြမယ်"

သူပြောတာကို ကြားသလားမကြားသလားမသိ..ကျန်သုံးယောက်ကတော့ ဆော့မြဲဆော့စဲ

"ငါပြောတာကြားကြလား အောက်ဆင်းကြမယ်လို့ဆိုနေ!!"

လေသံနည်းနည်းမြင့်ပြောလိုက်တော့ Gemini အကြည့်ဟာ သူ့ဆီရောက်လာခဲ့သည်။

"ဘာလို့လဲ fourth  မင်းပျင်းနေပြီလား?"

"အွန်း ငါမဆော့ချင်တော့ဘူး"

ဟုနှုတ်ခမ်းစူကာ ပြောသည်..

ထိုအပြောကြောင့် ယိမ်းယိုင်နေသော satang နဲ့ winynny ဟာလဲ fourth ဘက်လှည့်ကြည့်လာသည်။ ထိုတွင် satang မှ

"မင်းဘာလုပ်ချင်လို့လဲ fourth"

"ငါ ဗိုက်ဆာတယ်"

ဗိုက်ကလေးကိုပွတ်ပြကာ ပြောနေဟန်က တစ်ခြားသူ၏အမြင်တွင် ဘယ်လိုဖြစ်နေမှန်းမသိသော်လဲ Gemini မျက်စိ‌ထဲတွင် တော်တော်လေးမှကိုအသဲယားစရာ၊ကိုက်စားချင်စရာဖြစ်နေခဲ့သည်... ချက်ချင်းပြေးဖက်ပြီး နမ်းချင်စိတ်တွေကို တော်တော်လးချိုးနှိမ်ထားသည်ဆိုတာ ကျစ်နေအောင်ဆုပ်ထားသည့် သူ၏လက်သီးဆုပ်ဟာ သက်သေပင်.....

"Gemini  ထလေ သွားကြမယ်"

သူ့အတွေးနှင့်သူတွေးကာ fourth ထိုင်နေသည့်နေရာအားအချိန်အတော်အတန်ကြာအောင်ငေးကြည့်နေခဲ့မိသည်... winynny ပုခုံးလာပုတ်ကာ ပြောလေ တော့မှ ထိုနေရာတွင် ထိုကောင်လေးမရှိတော့မှန်းသိလိုက်ရသည်..သူအလန့်တကြားဖြင့်

"Fourth ‌ကော!!"

"ငါဒီမှာလေ Gem မင်းအဲ့နေရာက ကြွ‌ပြီးလာတော့"

တံခါးဝတွင်ရပ်ကာ သူ့ကိုလှမ်းခေါ်နေသည့် fourth ကိုမြင်တော့မှ စိတ်အေးသွားရသည်။တစ်ဖန် သူ့ပခုံးအားကိုင်ထားသည့် winynny ကိုမော့ကြည့်လိုက်တော့ သူ့အားစိုက်ကြည့်ကာ မျက်ခုံးများတွန့်ချိုးလျက် တစ်ခုခုအားသံသယ ဝင်နေပုံ ပေါ်သည်...ဘေးနားတွင်ရပ်နေသော satang ဟာလဲ မျက်နှာအမူအရာ မျိုးစုံဖြင့် သူ့အား ထိုနေရာမှ ထထွက်ရန် အသိပေးနေလေသည်။

A friend who is not a friend༆Where stories live. Discover now