>>>>>>The next morning.
မျက်နှာပေါ်သို့ နေရောင်ခြည်အနည်းငယ်ကျရောက်လာတာကြောင့် Gemini တစ်ယောက်နိုးထလာသည်။သူ့လက်ဟာ ထုံကျင်နေတာကြောင့် ဘေးဘက်ကိုလှည့်ကြည့်မိတော့ သူ့သိပ်မြတ်နိုးသဘောကျရသည်ဆိုသော ကောင်လေး အိပ်မောကျနေသည့် ပုံစံလေးကို သူမြင်လိုက်တာနှင့်ပင် ခုနက တော်တော်ကိုမှထုံကျင်နေပါသည်ဆိုသော လက်ဟာ ခုတော့ဘာမှကိုမခံစားရပေ...သက်သာသွားသည်ဆိုတာထက် သူ့စိတ်ဟာ ထိုကောင်လေးဆီသို့ရောက်သွားသောကြောင့်သာ....
နှုတ်ခမ်းလေးဆူဆူနှင့်အိပ်ပျော်နေသည့်အနှီလူသားလေးဟာ ဘာပြစ်ချက်မှပြောရက်စရာမရှိ...နဖူးပေါ်သို့ ဝဲကျနေတဲ့ ဆံပင်လေးအား အသာလေးဖယ်ပေးလိုက်တော့ အလိုမကျသည့် အသံပိစိလေး ထွက်လာသည်။*လူကသာအိပ်ပျော်နေတာ...စိတ်ကတော့ အမြဲအလိုမကျဘူးဘဲ* ဟုတွေးမိလိုက်သေးသည်...ထိုကောင်လေးက သိပ်ချစ်စရာကောင်းသည်....အတန်ကြာတဲ့အထိ သူငေးကြည့်နေမိသည် ထိုကောင်လေးဟာဘာကြောင့်များအဲ့လောက်ချစ်စရာကောင်းနေရတာလဲ သူဟာလဲ ဘာကြောင့်များ ဒီကောင်လေးအား စွဲလမ်းသွားမိရတာလဲ.....တစ်ဖြည်းဖြည်းနဲ့ ကောင်လေးမျက်နှာနားကပ်သွားလိုက်သည်... 1cmလောက်တောင်မခြားတော့တဲ့ အကွာအဝေး...
ထိုစဉ် Fourth တစ်ယောက် မျက်လုံးပွင့်လာသည်..ဖွင့်ဖွင့်ချင်းတွေလိုက်ရသည့် Gemini နဲ့အကြည့်ခြင်းဆုံမှုကြောင့် သူနှလုံးခုန်နှုန်းတွေမြန်လာသည်။အိမ်မက်လား တစ်ကယ်လား သူမသေချာပေမဲ့ ခုအခြေအနေထဲတွင် သူရင်တွေထိန်းမရအောင်ခုန်နေသည်။
*သူက ဘာလို့ငါ့နားကိုအရမ်းကပ်နေတာလဲ ငါဘဲအိမ်မက်များလား*
လက်ရှိအခြေအနေတွင် Gemini နဲ့ Fourth ရဲ့မျက်နှာဟာ 1cmလောက်တောင် မရှိတော့တဲ့အကွာအဝေး.. Fourth ဟာ Gemini ရင်ခွင်ထဲရောက်နေရပြီး Gemini ကတော့ Fourth ရဲ့ခါးလေးအားသိုင်းဖက်လျက်....
သူတို့အကြည့်ချင်းဆုံနေတာတော်တော်လေးကြာနေပြီဖြစ်တာကြောင့် fourth တစ်ယောက် နေမထိထိုင်မသာဖြစ်လာရသည်...နည်းနည်း ရုန်းကြည့်သည် လွှတ်မပေး။အားနည်းနည်းထပ်စိုက်ကြည့်သည် တုတ်တုတ်မျှပင်မလုပ်ပေ..
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth