Gemini တစ်ယောက် အိမ်ကိုရောက်သည်ဆိုတာနှင့် အခန်းထဲပြေးဝင်ကာ ခုတင်ပေါ်၌လူးလှိမ့်နေလေသည်။
"အားးးးးးးး ငါတို့က Fan page တင်မကဘူး တစ်လောကလုံးပါသိတော့မယ် ငါမင်းကိုချစ်နေတယ်ဆိုတာ မင်းခုထိမရိပ်မိသေးဘူးလားကွာ!!! ချစ်တယ် ချစ်တယ် Fourth Nattawatရေ မင်းကိုချစ်တယ် မင်းသိလား!!! ငါမင်းကိုအရမ်းချစ်တယ်လို့!!"
Markတစ်ယောက်တံခါးဝတွင်ရပ်ကာ ညီဖြစ်သူ၏ဖြစ်ပျက်မှုအလုံးစုံကို လက်ပိုက်လျက် ကြည့်နေလိုက်သည်..
*Fourth ကိုချစ်တယ်ဆိုဘဲ*
လူးလှိမ့်နေရာမှ ထလာတော့ သူ့ကိုမြင်သွားသည်ထင်ပါ့ Gemini ရုပ်လေးဟာ အူကြောင်ကြောင်ရုပ်ကလေးသို့ချက်ချင်းပြောင်းလဲသွားလေသည်။
"ဘယ်ထဲကရောက်နေတာလဲ p"
မေးသည့်မေးခွန်းအားမဖြေဆိုဘဲ အခန်းထဲဝင်ကာ sofa ပေါ်၌ထိုင်လိုက်သည်။ နောက်မှ...
"မင်း fourth ကိုချစ်တယ်လို့အော်နေထဲကဘဲ!"
Gemini တစ်ယောက်ရှက်သွားသည်။
*ဒါဆိုp' အကုန်ကြားသွားပြီပေါ့လေ!!*
"ငါ့ညီကဘယ်ထဲကသဘောကျနေခဲ့တာတုန်း Nong fourth ကို?"
"ကြာပြီ p"
"ဒါဆိုငါတို့ညီကိုက Fourth တို့အိမ်နဲ့ရေစက်ထင်ပါရဲ့"
"ဟမ် ? ဘာလို့လဲ"
Gemini တွေးနေမိသည်..
*ငါကfourth ကိုချစ်တာလေ ဒါဆို P'Mark ကဘယ်သူကိုချစ်လို့လဲ? မဟုတ်မှလွှဲ... p'ford!!!!..*
"P' လဲFordကိုသဘောကျတယ်.."
ထင်ထားသည့်အတိုင်းပင်ထွက်လာသာ့်နာမည်ကြောင့် သိပ်တော့မအံ့ဩပေမဲ့ အနည်းငယ်တော့ လန့်သွားသည်.
"ဒါဆို p' ကရောဘယ်ထဲကလဲ"
"မြင်မြင်ချင်း!"
"ဘာ! မြင်မြင်ချင်း ဟုတ်လား?"
Gemini မျက်လုံးပြူးသွားသည်...သူ့အကိုကအဲ့လောက်ထိသံယောဇဉ်တွယ်ငြိလွယ်လိမ့်မယ်ဟုမထင်ထားခဲ့သောကြောင့်သာ..
"အင်း သူ့ကိုဘဲ ငါလေ သူ့လောက်ချောတဲ့လူ တစ်ခါမှမမြင်ဖူးဘူး"
YOU ARE READING
A friend who is not a friend༆
Fanfictionအချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရှိခဲ့ဘူး Gem #Fourth