Episode 1(Z+U)

52K 1.6K 52
                                    

ထိုဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်များအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည် အကြောင်းတစ်စုံတရာတူညီမှုရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။

[Zawgyi]
1

အချိန်ကား ညသန်းခေါင်ကျော်။ လူသူရှင်းလင်းနေသော ပေတရာလမ်းမထက်တွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသောပြိုင်ကား ၃စီး။

ကားစက်သံ ဘီးပွတ်သံတို့သည် ညသန်းခေါင်၏တိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။

ပြိုင်ကား၃စီးသည် အကြိတ်အနယ်သဲကြီးမဲကြီး ယှဉ်ပြိုင်နေကြ၏။ တစ်စီးနှင့်တစ်စီး တိုက်လုမတတ် ပြိုင်ဆိုင်နေကြသော ထိုကား၃စီးကို အဝေးမှ စောင့်နေသည့် လူငယ်၃ယောက်။

ကျွီ...

တစ်ဖက်ကား၏ တိုက်ခိုက်မှုကြောင့်
ဘီးလည်မလိုဖြစ်သွား၍ ဟန် ကားကိုထိန်းကာအရှိန်ပိုတင်လိုက်သည်။ ထို့နောက် တစ်ဖက်ပြိုင်ကားကို တစ်ချက်ဘေးတိုက်တွန်းကာ အပြတ်အသက်ချန်ထားခဲ့လိုက်၏။

Ferrari နောက်ဆုံးပေါ်မော်ဒယ် ဝယ်စီးခြင်းသည် အလကားမဟုတ်။ အပေါင်းအသင်းများကြား ကားပြိုင်မောင်းလျှင် မြတ်နိုးဟန် ကို နိုင်သူမရှိသေးပေ။

ဟန် ဂုဏ်ယူဝင့်ကြွားစွာပင် ကားပေါ်မှဆင်းလိုက်ပြီး သူငယ်ချင်းဖြစ်သူ ထက်ရတီသော် နှင့်လက်ဝါးချင်းရိုက်လိုက်သည်။

အခြား ၂ယောက်ကတော့ အားမလိုအားမရပုံစံများဖြင့်။

တစ်ခနကြာမှ ပန်းတိုင်ဟုသတ်မှတ်ထားသော နေရာသို့ ကျန်ကား၂စီးပိုင်ရှင်များဖြစ်သော စွမ်းရတု နှင့် ရတနာထူး တို့ ဆင်းလာကြလေသည်။

"စွမ်း ဒီညလည်းငါနိုင်တယ်နော်"

Vape ကိုတစ်ချက်ရှိုက်ပြီး ပြောလိုက်သော ဟန့်ကို စွမ်းက မျက်နှာတစ်ချက်မဲ့ပြလိုက်ကာ

"အေး နင်လိုချင်တာပြော"

"ငါစဉ်းစားဦးမယ်"

ဟန်သည်ပုခုံးလေးတစ်ချက်ပင့်ပြီးပြောလိုက်တော့ ရတနာထူးဟာ မကျေနပ်ပုံဖြင့်ကားပေါ်မှဆင်းလာရင်း

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now