Sorry for late 🤍
[Zawgyi]
19"ဆရာမကြီးဧည့်သည်ရောက်နေတယ်"
"ဟုတ်လား"
မြတ် ယနေ့ဆေးရုံမသွားဖြစ်ပါ။ ခြေထောက်ကယောင်နေသဖြင့် အနားပေးထား၏။ သွန်းက ညကရေခဲကပ်ပေးပြီး ပတ်တီးစည်းပေးထားသော်လည်း ကိုက်တော့ကိုက်နေသည်။
ဧည့်သည်လည်းတွေ့ချင်စိတ်မရှိ။ အချိန်ကလည်း မနက်၈နာရီတောင်မထိုးသေးပေ။
"သူများအိမ်ကိုစောစောစီးစီး"
တစ်ကိုယ်တည်းရေရွတ်ပြီးနောက်
"ဒေါ်ဝင်း ဘယ်သူလဲဟင်"
"မနေ့ကလာတဲ့ ဖြူဖြူသွယ်သွယ်ကလေးမလေ ဆရာမကြီး"
ဒေါ်ဝင်းထံမှ အဖြေရသည်နှင့် မြတ်၏မျက်လုံးအရောင်ချက်ချင်းတောက်ပသွားသည်။
"ကျွန်မခုလာပြီ ဒေါ်ဝင်း ခနလေးပဲလို့"
ခုတင်ပေါ်လှဲနေရာမှ ခြေထောက်ကိုခပ်ဖွဖွထောက်ပြီး မြတ် အောက်ထပ်ဧည့်ခန်းသို့ဦးတည်လိုက်သည်။လှေကားမှဆင်းလာသောမြတ်ကိုတွေ့တော့ ထက် ဆိုဖာပေါ်မှကမန်းကတန်းထကာ မြတ်ထံလက်ကမ်းပေးလိုက်၏။
မြတ် သူမထံလက်ကမ်းပေးလာသော ထိုပိုးဟပ်ဖြူလေးကိုကြောင်ကြည့်နေမိသည်။ နှစ်၂၀နီးပါးမခံစားရသည့် ဂရုစိုက်မှု။
သူမကိုကြောင်ကြည့်နေသည့်မြတ်ကြောင့် ထက် ခပ်သွက်သွက်ပင် မြတ်ကိုပွေ့ချီလိုက်ကာ ဆိုဖာပေါ်တင်ပေးလိုက်လေသည်။မြတ်မှာ ရုန်းဖို့တောင်မေ့နေပုံ။ မျက်လုံးအပြူးသားဖြင့် ထက်ကိုကြည့်နေလေရဲ့။
ထက် မြတ်ရှေ့ဒူးထောက်ချကာ ခြေထောက်ကိုအသာအယာလေးကိုင်ပြီး ကြည့်နေရင်းမှ
"သက်သာလားအန်တီ"
မြတ်က ပြန်မဖြေ၊ ထက်ကိုသာကြည့်နေ၏။ ခက်ထန်နေသည့်အကြည့်မဟုတ်ဘဲကြောင်အမ်းအမ်းအကြည့်လေး။
"အန်တီ အန်တီ"
"ဟမ် အင်း"
"သက်သာလား"
"အင်း သက်သာတယ်"
မျက်နှာအနည်းငယ်နီချင်နေသော မြတ်ကြောင့် ထက် သဘောခွေ့လို့မဆုံး။ ရှက်ကိုးရှက်ကမ်းဖြစ်နေပုံက အပျိုဖြန်းလေးနှင့်တူနေ၏။
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romanceသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်