Episode 7(Z+U)

15.3K 1K 79
                                    

[Zawgyi]
7

"တော်တော်ပွါးတဲ့လေဒီကြီး"

ယနေ့ ဟန်သူမ ferrari လေးယူမလာဘဲ ထက်၏ကားဖြင့်လိုက်လာတုန်း ထက် ကားကထကြောင်လေ၏။ ထက်သည်လည်း ဟန့်ကဲ့သို့ သူဌေးသမီးတစ်ယောက်။

မတူတာမှာထက်ကအိမ်ကိုနည်းနည်းကြောက်ရသေးသည်။ညတိုင်း ကားပြိုင်တဲ့ဆီပဲသွားကာအချိန်မတော်မှပြန်လာလို့ ထက်၏ပြိုင်ကားကို အိမ်ကသိမ်းကာ ကားအဟောင်းသာပေးထား၏။

"ငါတို့ကသူ့ရှေ့ရပ်မိတာကိုဟဲ့"

"မတော်တဆကို"

"ဒေါက်တာကြီးက လှလိုက်တာနော် ဆူနေပုံလေးကိုကမျက်လုံးထဲကကိုမထွက်ဘူး"

ထက်ကလက်သည်းလေးကိုက်ရင်းပြောလိုက်ရာ ဟန် ထက်အားမျက်မှောင်ကြုံ့ပြီးကြည့်မိ၏။ ဘလိုင်းကြီးအဟောက်ခံရတာကိုတောင် သင်းကကျေနပ်နေပြီး
ငမ်းလိုက်သေး။

ထက်ပြောမှဟန်လည်းပြန်တွေးမိ၏။ တွေ့လိုက်တိုင်းဆံပင်ကို ရှင်းလင်းသပ်ရပ်စွာထုံးဖွဲ့ထားကာ အဝတ်အစားကိုလည်းသစ်လွင်စွာဝတ်တတ်သူ ထိုအမျိုးသမီးကြီး။ အသက်မှာ ၅၀နီးပါးတော့ရှိလောက်ပြီဆိုပေမဲ့ ရုပ်ရည်က အရွယ်ထက်စာရင်နုသေးသည်။

၅၀နီးပါးဟုခန့်မှန်းနိုင်ခြင်းမှာလည်း သမီးတောင်လက်ထောက်ဆရာဝန်ဖြစ်နေပြီဆိုတော့ အမေအသက်လည်းငယ်တော့မည်မဟုတ်။

မျက်နှာကအမြဲမာန်ပြည့်နေသော်ငြား ကျက်သရေတော်တော်ရှိသည်။ စူးစူးရှရှအကြည့်တို့သည် တစ်ဖက်လူကိုအရည်ဖျော်နိုင်သည်။ အသားမှာသွန်းလောက်မဖြူပေမဲ့ဝင်း၏။

ဟန်တောင်ဒီအမျိုးသမီးကြီး၏အလှကိုအသိအမှတ်ပြုချင်လာပြီ။ မျက်နှာကျောသာလျှော့လိုက်ရင် သွန်းလိုအကြည်ဓာတ်လေးဖြစ်လာမှာအသေအချာ။

ဟန့်ကို အမေနှင့်သမီးကြာ ဗျားများမလာစေလိုပါ။

~~~~~

"ဒယ်ဒီ ဒီနေ့ကုမ္ပဏီမသွားဘူးလား"

စောစောစီးစီး မနက်ခင်းခနသာအပြင်ထွက်ပြီး အိမ်ပြန်ရောက်လာသည့် ဟန်ကြောင့် သူမမိဘများက တအံ့တဩကြည့်နေရာ

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now