Episode 26(Z+U)

16.9K 1.1K 72
                                    

[Zawgyi]
26

ယနေ့နံနက်စောစောနိုးနေ၍ သွန်း ဖုန်းလေးတစ်ချက်ဖွင့်ကြည့်နေမိသည်။

ပတ်တီးမဖြည်ရသေးပေမဲ့ ခေါင်းကတအားကြီးတော့မကိုက်တော့ပေ။ တစ်ချက်တစ်ချက်တော့နာသေး၏။

Facebookထဲဝင်ကြည့်ရင်း ရတနာထူးတို့ကိုဝရမ်းထုတ်ထားသည့်ကိစ္စများကိုမြင်လိုက်ရာ သွန်း၏အတွေးထဲ ထိုဖြစ်ရပ်ဆိုးကြီးကပြန်ဝင်လာလေသည်။

ရတနာထူးကိုပြန်မခုခံနိုင်ခဲ့သည့်သူမကိုယ်သူမလည်းအားမလိုအားမရဖြစ်မိသည်။ သွန်းဟာနူးနူးညံ့ညံ့ကြီးပျင်းလာသူဖြစ်၍ ဒီလိုလက်မရဲ။ သို့ပေမဲ့ ချစ်သူအတွက်ဆိုရင်တော့ ဇိုးလုပ်ရဲသူလေး။

ကားဖြင့်အတိုက်ခံလိုက်ရစဉ်ကသူမကိုယ်တိုင်ပင် သေပြီဟုတွေးထင်ခဲ့မိသည်။ သို့သော် မြတ်နိးဟန်၏ အချစ်ဆွဲအားကြောင့် သွန်းဟာ ကမ္ဘာလောကမှထွက်မသွားနိုင်ပုံ။

Comment များတွင် အစ်မအရင်းကိုပြန်လုပ်ကြံတဲ့ ထို၂ယောက်ကိုဆဲဆိုထားတာတွေလည်းမြင်ရ၍ သွန်း သက်ပြင်းချမိသည်။

ဦးလွှမ်းထက်က ရတနာထူးတို့ကို တရားစွဲထားသည်ဆိုသဖြင့် သွန်း စိတ်ထဲဝေဝါးရပြန်ပြီ။

ရတနာထူးတို့ကိုပိုချစ်လို့ သွန်းတို့ညီအမကိုတောင်စွန့်ပစ်ခဲ့တာမဟုတ်ဘူးလား။
ထိုအချက်ဖြင့် သွန်း သူမဖခင်ကိုအမုန်းကြီးမုန်းခဲ့သည်။

ခုကျရတနာတို့ကို သူကိုယ်တိုင်ဝရမ်းထုတ်ဖို့ပြောသည်တဲ့။ သေရေးရှင်ရေးဖြစ်တော့မှ သွန်းအတွက်ဖခင်တာဝန်လာကျေပြနေတာလား။

သွန်းစိတ်ရှုပ်ထွေးလာသဖြင့် ဖုန်းကိုပိတ်ပြီး မျက်စိနှစ်ဖက်ကိုအသာမှိတ်ချလိုက်စဉ် တံခါးပွင့်သံနှင့်အတူ

"သွန်းလေး"

ဦးလွှမ်းထက်ဟာမဝံ့မရဲဖြင့် သွန်းထံတစ်လှမ်းချင်းလျှောက်လာ၏။

သွန်းသူ့ထံမှအကြည့်မလွှဲသည့်အပြင်မျက်လုံးစိမ်းများဖြင့်ပြန်ကြည့်နေမိသည်။

"သက်သာရဲ့လားသမီး"

"မြင်တဲ့အတိုင်းပါပဲ"

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now