[Zawgyi]
33နံနက်မိုးသောက်လင်းရောင်ခြည်သည် ပြတင်းပေါက်မှသည်တစ်ဆင့် မြတ်၏
မျက်ဝန်းအစုံထက်ဖြာကျလာသဖြင့် မြတ် အိပ်ယာမှနိုးလာခဲ့သည်။နိုးလာသည်နှင့်အဝတ်များလစ်ဟင်းနေသော ခန္ဓာကိုယ်ကြောင့် ဖြတ်သန်းခဲ့သည့်ရင်ဖိုဖွယ်အခိုက်အတန့်ကလေးတို့ကိုပြန်တွေးမိရင်း မျက်နှာလေးရဲရပြန်သည်။
ဘေးကိုကြည့်တော့ထက်က မရှိ။ ဘယ်များရောက်နေတာပါလိမ့်ဟုတွေးကာ မြတ် ခုတင်ပေါ်မှအဆင်း ထက်ဟာ တံခါးဖွင့်ပြီးဝင်လာလေ၏။
မြတ်ကိုမြင်လိုက်သည်နှင့် ထက်က ကျောက်ရုပ်ကြီးလိုရပ်နေလေရာ
"ဟိုဘက်လှည့်လေ"
စောင်လေးဖြင့်ခပ်သုပ်သုပ်အုပ်လိုက်ပေမဲ့ ရှင်းလင်းလှသည့် အချိုးအစားကို ထက် မြင်လိုက်ပါသည်။ ညကလည်း မြင်ဖူးပါ၏။ သို့သော် ခုကတော့ မတ်တပ်အနေအထား။
မြတ် ပြောလိုက်မှ ထက် တစ်ဖက်လှည့်ရင်း
"အန်တီကလည်း ညကမြင်ပြီးသားကို"
တစ်ဖက်လှည့်လျက်မှ သူမကိုပွစိပွစိပြောနေသော ထက်ကြောင့် မြတ် မျက်မှောင်ကြုံ့တော့၏။အဝတ်တို့ကို ခပ်သုတ်သုတ်ဝတ်လိုက်ကာ
"ဒီမယ် ညကည ခုကခုပဲ"
ထက်ကို လှမ်းပြောပြီး မြတ်သည်အဝတ်တို့ကိုသပ်သပ်ရပ်ရပ်ပြင်ဖို့ မှန်ရှေ့အသွား လည်ပင်းမှအရာတို့ကြောင့်
"ဒုက္ခပါပဲ မင်းအရမ်းဆိုးတယ်ကွာ သွန်းမေးရင်ဘယ်လိုဖြေရမလဲ"
ထက် လည်း မြတ်အနောက်မှနေ သူမပေးခဲ့သောအမှတ်ရာလေးများကို ခပ်ဖွဖွနမ်းလျက်
"ပိုးဟပ်ကိုက်တယ် ဖြေလိုက်ပေါ့ လေဒီရဲ့"
မြတ်က မျက်စောင်းလေးအသာထိုးပြန်သည်။
"ဒီတစ်ခါက ကိုက်တာမဟုတ် လူကိုပါမြိုသွားတာ"
မြတ်၏စကားကြောင့် ထက်ဟာ ဟက်ဟက်ပက်ပက်ရယ်တော့၏။ မြတ်ကိုနောက်ကနေ အားပါးတရသိမ်းကြုံးဖက်လိုက်ပြန်ကာ
"အန်တီတော့ ပိုးဟပ်စာဖြစ်နေပြီပဲ"
မြတ်က မျက်နှာလေးရဲသွားကာ ထက်၏လက်ကိုခပ်ဖွဖွရိုက်လိုက်ပြီး
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romanceသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်