[Zawgyi]
5အချိန်မှာ ည၉နာရီကျော်
ဒေါက် ဒေါက်
"ဘယ်သူလဲ"
"သွန်းပါ မေမေ"
"ဝင်ခဲ့"
မေမေ့ခွင့်ပြုချက်ရသည်နှင့် သွန်း မေမေ့အခန်းထဲဝင်သွားလိုက်သည်။ မေမေ့အခန်းဟာထုံးစံအတိုင်းတိတ်ဆိတ်အေးစက်နေ၏။
ဆေးရုံမှရုံးခန်းသာမက အိမ်ကအခန်းကပါ ကြောက်စရာကောင်းနေသည်။ air corn ကြောင့်ထက် မေမေ့အငွေ့အသက်ကိုကအေးစက်လွန်းနေတာထင်ပါသည်။
မေမေက စာရွက်အချို့ကိုကြည့်လျက်
"ဘာကိစ္စလဲ သွန်း"
သွန်းပြောသင့်မပြောသင့်ချိန်ဆနေရသည်။ မေမေ့ဆီလာဖို့ တစ်နာရီလောက်စဉ်းစားပြီးမှအရဲစွန့်လာရခြင်း။
"ပါပါးနဲ့တွေ့ခဲ့တယ်"
စာရွက်ကိုလှန်နေသောမေမေ့လက်တို့ရပ်တန့်သွားကာမေမေ့အကြည့်သည် သွန်းထံရောက်လာ၏။
"Junction Square မှာ သူ့နောက်မိန်းမရဲ့သမီးနဲ့ထင်တယ် ပါပါးကိုချွဲနေတာ အရမ်းပဲ"
သွန်းရပ်လိုက်ပြီး မေမေ့အရိပ်အကဲကိုကြည့်တော့ မေမေက သွန်းကိုဆက်ပြီးကြည့်နေ၍
"ပါပါး ပိန်သွားတယ် ရုပ်ကနည်းနည်းရင့်သွားပေမဲ့ အရင်အတိုင်းပဲ သမီးကိုတွေ့တော့လာစကားပြောတယ် ယွန်းလေးကိုလည်း အငယ်လေးလားဆို..."
ဘေးမှဖန်ခွက်ထဲရှိရေဖြင့်သူမမျက်နှာကိုလှမ်းပက်လိုက်သည့် မြတ် ကြောင့် သွန်းဘာမှဆက်မပြောတော့။
"နင် သူနဲ့စကားပြောစရာအကြောင်းမရှိဘူး သွန်း နင်ပြောကြည့် နင့်အဖေကိုသိပ်လွမ်းနေလား"
"မလွမ်းပါဘူး မေမေ"
"လိမ်နေတယ်"
သွန်း တိတ်ဆိတ်မိသွားသည်။ မေမေက မဲ့ပြုံးပြုံး၏။ ထိုင်နေရာမှ သွန်းအနားကပ်လာပြီး
"နင့်အကြည့်တွေထဲမှာမယားငယ်သမီးကိုမနာလိုနေတာတွေပေါ်နေတယ် နင်လည်းသူ့လို အဖေမေတ္တာအရမ်းလိုချင်နေတယ်မလား နင့်အဖေကိုအရမ်းလွမ်းနေတယ်မလား သွန်း"
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romanceသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်