Episode 23(Z+U)

15.5K 1K 62
                                    

[Zawgyi]
23

"သမီးကြီးကို မေမေအရမ်းချစ်တယ်နော်"

မြတ် သွေးများပေနေသော သွန်း၏ပါးပြင်လေးကို
ခပ်ဖွဖွနမ်းကာ မျက်ရည်များဆက်တိုက်စီးကျနေ
သည်၊

အော်ကြီးဟစ်ကျယ်မငိုပြတတ်ပေမဲ့ မြတ်လိုကြိတ်ခံစားတတ်သူက ပိုခံရခက်၏။ မြတ် ခုတင်ဘေးဒူးထောက်ချလိုက်ကာ တုန်ယင်နေသော လက်တို့ဖြင့်သွန်း၏ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်ရင်း

"မေမေ့ဆီပြန်လာပေးပါ သမီးကြီးရယ် မေမေ့အတ္တတွေလျှော့ချပါတော့မယ် မေမေ့ဆီပြန်လာခဲ့ပါ"

အံကြိတ်သံဖြင့်ပြောနေသော မြတ်ကိုကြည့်ပြီးဘေးမှ ဆရာဝန်များပင် မျက်ရည်ကျကုန်ပြီ။

"မေမေ့ကိုအခွင့်အရေးမပေးတော့ဘူးလား မေမေ့ကိုဒီလိုရက်စက်သွားတော့မှာလား"

နောင်တတို့ဖြင့်ပြည့်လွှမ်းနေသော မြတ်။ သွန်းတို့ကိုသဘောတူပါသည် ဟူသောစကားကို ယနေ့
အိမ်ပြန်ရောက်ရင် သွန်းကိုပြောဖို့လုပ်ပြီးကာမှ သွန်းဟာရုတ်တရပ်သူမတို့ကိုထားခဲ့ပြီ။

မျက်နှာတစ်ခုလုံးနီရဲနေသလို ကြေကွဲမှုတို့ထင်းနေသည့် မြတ်၏အသွင်အပြင်ကို သွန်းသာမြင်ရင်အတော်ဝမ်းနည်းလိမ့်မည်။

ဟန် ဖြစ်ပျက်နေသော အခြေအနေကိုလုံးဝလက်မခံနိုင်ပါ။ ဒေါက်တာမြတ်က ဘာလို့သွန်းကို သေပြီလို့ပြောရတာလဲ။ မဟုတ်ဘူး ဟန် အိပ်မက်မက်နေတာ။ အိပ်မက်ပါ ဒါကအိပ်မက်ပဲ။

ဟန် အရေးပေါ်ဌာနထဲပြေးဝင်သွား၏။ ရပ်နေသော ဆရာဝန်များကိုတောင်ဂရုမစိုက်နိုင်။ ဟန် သွန်း၏လက်ကိုဆုပ်ကိုင်လိုက်ကာ မြတ်ကိုကြည့်လိုက်ပြီး

"မဖြစ်နိုင်တာ မမက ဟန့်ကိုထားခဲ့မှာမဟုတ်ဘူး ပြန်စမ်းကြည့်ပေးပါဦး အန်တီရယ်"

မြတ်သည် ဟန့်ကိုကြည့်ရင်း မျက်ရည်သာကျနေ၏။

"မမ မမ ထဦးလေ မမ မောင်ရူးလိမ့်မယ်နော် အဲ့လို
ကတိမဖျက်ပါနဲ့"

သွန်း၏လက်ကို သူမလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း
ဟန် အရူးတစ်ယောက်လိုရေရွတ်နေမိသည်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now