Episode 22(Z+U)

15.8K 1.1K 138
                                    

[Zawgyi]
22

သွန်း လေးလံသောခြေလှမ်းများဖြင့် အိမ်ထဲဝင်ခဲ့၏။ဟန် စိတ်မပူအောင်သာဘာမှမဖြစ်ပါဘူးလို့လိမ်လိုက်ရပေမဲ့ ရင်ဘက်ကထိုးထိုးအောင့်နေသည်။

ကားမောင်းလာသည့်တစ်လျှောက်လုံးလည်း သွန်း ၏ လက်များတုန်နေ၏။ကားတောင် တစ်ချက်တစ်ချက်ရပ်လိုက်ရသည်။

သူမလက်များ နှစ်ပေါင်းများစွာ လူကယ်ခဲ့သော သူမလက်များဖြင့် ယနေ့သွန်းလူသတ်ခဲ့ပြီ။

ရင်ထဲတွင်အလုံးကြီးဆို့နေသလိုဖြစ်ပေမဲ့ ပြန်တွေးတော့ သွန်း နောင်တမရပါ။ သွန်းသာ အဲ့လိုမလုပ်ရင် ဟန် ဓားနှင့်အထိုးခံရမှာ။ သွန်းဘဝပျက်ရင်ပျက်သွားပါစေ ဟန် ထိခိုက်လို့မဖြစ်ပါ။

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းတွင် ထိုင်နေသော မြတ်။သွန်းကိုတွေ့တော့ မြတ် က ထလာ၏။

"ဘာလို့နောက်ကျနေတာလဲ"

သွန်း မြတ်ကိုဝံ့ဝံ့မကြည့်ရဲ။ အကြည့်လေးလွှဲကာ

"ဆေးခန်း လူများနေလို့ မေမေ"

မြတ်သည်လက်ထဲမှဓာတ်ပုံအချို့ကို သွန်းလက်ထဲထည့်ပေးလိုက်ပြီး

"ဟုတ်လား"

သွန်း၏မျက်ဝန်းလေးများပြူးကျယ်သွားရ၏။ သူမနှင့် ဟန် ယနေ့ဒိတ်ထားသည့်ပုံများ။ ဟန်က သွန်း၏နဖူးကိုနမ်းနေတဲ့ပုံလေးတွေရော လက်ကိုင်နေတဲ့ပုံတွေရော။

တစ်ယောက်ယောက်က သွန်းတို့ကိုဓာတ်ပုံချောင်းရိုက်ကာ မေမေ့ထံပို့လိုက်တာထင်ပါသည်။

သွန်း မငြင်းလိုတော့ပါ။ တစ်နေ့နေ့ဒါတွေကြုံရမယ်ဆိုတာ သူမလည်းခန့်မှန်းပြီးသား။

"ဟုတ်တယ် မေမေ သွန်း သူနဲ့တွဲနေတာ"

မြတ်ဟာ သက်ပြင်းကိုခပ်ကြမ်းကြမ်းချ၏။ သွန်းကို အရင်ကလို ရိုက်မည်ထင်သော်လည်း မြတ် ဘာကြောင့် လက်ပါဖို့တုံ့နေရတာလဲ။

ထက် ထံမှ အနမ်းတစ်ပွင့်ရပြီးတည်းက မြတ်၏စိတ်တို့ကစဥ့်ကလျားဖြစ်နေသည်။ ရင်ခုန်သံသည် စည်းချက်မညီ။

သို့သော် သူမ၏ဦးနှောက်က နှလုံးသားကိုလွန်ဆန်ရမည်ဟုသာတွေးနေမိသည်။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now