Episode 28(Z+U)

19.1K 1.1K 105
                                    

[Zawgyi]
28

သွန်း အိပ်ယာမှနိုးလာသည်နှင့် သူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားသောဟန်ကြောင့် နှုတ်ခမ်းပါးလေးက အလိုအလျောက်ပြုံးမိလေသည်။

ဟန် နိုးမသွားစေရန် ဘေးမှဖုန်းကိုအသာလှမ်းယူပြီးကြည့်လိုက်တော့ မနက်၇နာရီကျော်ကျော်ပဲရှိသေး၏။
မနေ့က ဟန်နေမကောင်းလို့အိမ်ပြန်မအိပ်ဖြစ်လောက်ဘူးဟု ယွန်းကိုစာပို့ထား၍ တော်သေးသည်။

မဟုတ်လျှင် မေမေကစိတ်ပူနေမှာ။ သမီးရည်းစားဘဝမှာတင် အပျိုစင်ဘဝကို ဟန့်လက်ထဲထည့်လိုက်ရခြင်းအား သွန်းနောင်တမရ။ မြတ်နိုးဟန်ဆိုသော မိန်းကလေးနှင့်နှလုံးသားချင်းထပ်တူကျရမှာသွေးသားခြင်းစပ်နှောလိုက်ရပြီ။

သူမတို့၂ဦးကြားမည်သို့သောအဖျက်မျိုးဝင်လာပါစေ သွန်း ချည်နှောင်ထားသည့်အချစ်ကြိုးကိုအပျက်မခံနိုင်ပါ။

ဟန်ကသူမကိုတစ်ညလုံးဖက်ထားသဖြင့် သွန်းနည်းနည်းညောင်းနေပေမဲ့ ဟန့်ကိုယ်ငွေ့လေး၏နွေးထွေးမှုကို နှစ်ခြိုက်မိပါသည်။

ထို့ကြောင့် ထိုအတိုင်းလေးပဲငြိမ်ခံရင်း ဟန့်မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်နေမိ၏။ ယခင်က ခဲပြာရောင် ဂုတ်ထောက်ဆံပင်ဖရိုဖရဲဖြင့်ဟန်က type တစ်မျိုးဖြင့်ကြည့်ကောင်းသလို အခုဆံပင်အမဲလေးကိုသပ်သက်ရပ်ရပ်ဖြီးသင်လာတတ်သည့်ဟန်ကလည်းအတော်ချောပါသည်။

အဝတ်အစားကအစ ဟိုးအရင်ကလိုကပိုကရိုမဝတ်တော့ကာ gentleman ဆန်ဆန်ဝတ်စားလာသည့်ဟန်သည် ယခုစီးပွါးရေးနယ်ပယ်တွင်နာမည်လေးတောင်နည်းနည်းရချင်လာပြီ။

ဘားသွားကလပ်တက်လောင်းကစားလုပ်တတ်သည့်အဆိုးလေးမှသူမကိုချစ်သည့်စိတ်တစ်ခုတည်းဖြင့်အရာရာပြောင်းလဲခဲ့သော ချစ်ရသူ၏နဖူးပြင်ကိုသွန်း ခပ်ဖွဖွလေးခိုးနမ်းမိလေ၏။

"ခိုးမနမ်းနဲ့လေ မမရဲ့ ပေါ်တင်နမ်းမှပေါ့"

ရုတ်တရပ်ထွက်လာသည့် ဟန့်အသံကြောင့် သွန်းကလန့်သွားပုံလေးဖြစ်သွား၍ ဟန် ဟက်ဟက်ပက်ပက်ရယ်လိုက်ကာ

"ပါးလေးနမ်းပေးပါဦး"

"မနမ်းဘူး"

"မရပါဘူးနမ်းပေး"

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now