[Zawgyi]
25"ယွန်း ညီမလေး"
နောက်မှအော်သံနီးနီးကျယ်သည့်အသံဖြင့်လှမ်းခေါ်လိုက်သည့် ငယ် ကြောင့် ယွန်း ပြန်လှည့်ကြည့်လိုက်တော့ ငယ်ဟာ မပြေးရုံတမယ်သူမထံလာ၏။ ယွန်းလက်ကိုရုတ်တရပ်ကိုင်လိုက်ပြီး
"မ အက်ဆီးဒန့်ဖြစ်လို့ဆို"
ငယ့်မျက်နှာသည် စိုးရိမ်မှုများဖြင့်ပြည့်နှက်နေပုံ။ ယွန်း၏လက်ကိုလှမ်းကိုင်ထားရာမှလည်းမလွှတ်သေး။ ငယ်ကတော့ဒီတိုင်းကိုင်လိုက်ပေမဲ့ ယွန်းတစ်ယောက်ကြက်သီးထမိသွားသည်။
"အစ်မက မန္တလေးကိုအစည်းအဝေးနဲ့ရောက်နေလို့ မ ဘယ်လိုနေလဲဟင်"
"မမကပြန်သတိရနေပါပြီ ဒဏ်ရာတအားများထားတော့ သိပ်တော့မလှုပ်နိုင်သေးဘူးပေါ့"
ငယ်ဟာသက်ပြင်းကိုအသာချလိုက်ပြီး
"တော်သေးတာပေါ့"
ထို့နောက်မှ လက်ကိုကြည့်နေသည့် ယွန်းကြောင့် ငယ် လွှတ်လိုက်ပြီး
"ဆောရီးနော် အစ်မကဒီတိုင်း..."
"ရပါတယ် အစ်မ"
"အစ်မ... မကိုလိုက်တွေ့လို့ရမလား"
ယွန်းမတားလိုပါ။ ဟန် နှင့် မတွေ့စေချင်ပေမဲ့ ဒါတွေဟာတစ်ချိန်သိမဲ့ကိစ္စတွေပဲလေ။
"ဟုတ်ကဲ့ရပါတယ်"
ငယ်က မဆိုင်းမတွပင်
"အစ်မကားနဲ့ပဲသွားရအောင် ညီမလေးလည်းတစ်ခါတည်းလိုက်ခဲ့လေ"
"ဟုတ်ကဲ့"
ဒုတိယအကြိမ် ငယ့်ဘေးထိုင်ရမည်ကို ယွန်းစိတ်လှုပ်ရှားမိပြန်ပါသည်။ ငယ်နှင့်ထိတွေ့ချိန်တိုင်း ယွန်း၏ခံစားချက်မှာ တစ်မူထူးခြားနေသည်။
အသက်၁၉နှစ်အရွယ် ယွန်းသည် အချစ်ကိုသေချာနားမလည်လောက်ပေမဲ့ သေချာသည်မှာတော့ သူမ အချစ်ကိုစတွေ့နေပြီ။
တစ်လမ်းလုံး ယွန်း ငယ့်ကိုငေးနေမိပြန်၏။ သူမနှလုံးသားသည်လည်း တစ်ချိန်လုံးစီးချက်မညီစွာခုန်ပေါက်နေသည်။
ယွန်း ရင်ဘက်ကိုကိုင်နေသဖြင့်
"ညီမလေး ဘာဖြစ်လို့လဲဟင် နေမကောင်းလို့လား"
YOU ARE READING
အချစ်ကိုတွေ့ခဲ့သည်(completed)
Romantikသေလမ်းကိုလျှောက်ရမယ်ဆိုရင်တောင်မောင့်ကိုချစ်ဖို့ရွေးချယ်မယ်